Connect with us

Social

မြန်မာ တစ်နိုင်ငံလုံး၌ ကင်းထောက် အင်အား ၂ဝ,ဝဝဝ ကျော် ရှိလာသည် အထိ ဆောင်ရွက်သွားမည်

ကင်းထောက်လူငယ်များအား တွေ့ရစဉ် ( ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

မြန်မာ တစ်နိုင်ငံလုံး၌ ကင်းထောက် အင်အား ၂ဝ,ဝဝဝ ကျော် ရှိလာသည် အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကင်းထောက် သင်တန်း ကြီးကြပ်မှု ကော်မတီမှ သိရသည်။

ထိုသို့ အခြေခံပညာ ကျောင်းများ၌ ပြန်လည်စတင် လုပ်ဆောင် နေသည့် ကင်းထောက် လုပ်ငန်းစဉ်များ ထဲတွင် ကင်းထောက် အမျိုးအစား အလိုက် အဆင့် သတ်မှတ်ချက်များရှိပြီး အသက်အရွယ်ကို လိုက်၍ ကင်းထောက် လုပ်ငန်းများကို အဆင့်အတန်း အမျိုးမျိုး ဖွဲ့စည်းထားရာ အသက် ခုနစ်နှစ်မှ ၁၁ နှစ် မူလတန်း အဆင့်တွင် ဝံပုလွေငယ် အဆင့်၊ အသက် ၁၂ နှစ်မှ အသက် ၁၅ နှစ်အထိ အလယ်တန်း၊ အထက်တန်း အဆင့်၌ ကင်းထောက် အဆင့်အဖြစ် သတ်မှတ်ထားခဲ့ပြီး ထို့အတူ အသက် ခုနစ်နှစ်မှ ၁၁ နှစ်အထိ မူလတန်းတွင် ငှက်ပြာ ကင်းထောက် အဆင့်၊ အသက် ၁၂ နှစ်မှ ၁၅ နှစ်အထိ အလယ်တန်း၊ အထက်တန်း အဆင့်တွင် အမျိုးသမီး ကင်းထောက် အဆင့်၊ အသက် ၁၅ နှစ် အထက်ရှိ အထက်တန်း အဆင့်တွင် Rover (လှည့်လည်သူ) ကင်းထောက် အဆင့်ဟူ၍ သတ်မှတ် ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ အမျိုးသမီး ကင်းထောက် အဖွဲ့ကို ၁၉၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ကင်းထောက် လူငယ် အဖွဲ့အဆင့်ဆင့်ကို ၁၉၂ဝ ပြည့်နှစ်မှ စတင် ဖွဲ့စည်း ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.