Connect with us

Social

ဂုတ်ထိပ်တံတားပေါ် လမ်းလျှောက်ဖြတ်သန်းမှု တားမြစ်

ဂုတ်ထိပ်တံတားပေါ် လာရောက် ဖြတ်သန်းလေ့လာသော ပြည်သူများကို တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

မန္တလေး-လားရှိုး ရထားလမ်းပိုင်း နောင်ချိုမြို့အနီးရှိ ကမ္ဘာကျော် ဂုတ်ထိပ် တံတားကြီးပေါ်သို့ လမ်းလျှောက်ဖြတ်သန်းမှုကို ယနေ့မှ စတင် တားမြစ်လိုက်ကြောင်း မြန်မာ့မီးရထားဌာနထံမှ သိရသည်။

အဆိုပါ တံတားကြီးပေါ်သို့ ယခု ရက်ပိုင်းအတွင်း လာရောက်လေ့လာ လည်ပတ်သူ ထောင် နှင့် ချီရှိနေပြီး တံတား ကြီး၏ သတ်မှတ် အာမခံသက်တမ်း ကုန်ဆုံးနေခြင်း၊ နှစ်ပေါင်းတစ်ရာ ကျော်တိုင် စစ်ဘေးဒဏ်၊ ရာသီဥတု ဒဏ်တို့ကြောင့် ခိုင်ခံ့မှုအားနည်း လာခြင်းစသည့်တို့ကြောင့် လမ်းလျှောက်လည်ပတ်မှုကို တားမြစ်လိုက်ခြင်းဖြစ်သည်။

ယင်း ပေပေါင်း ၁ဝဝဝ ကျော်အမြင့် ရှိ အကာအရံမဲ့ တံတားပေါ်တွင် လူပေါင်းများစွာ သွားလာနေရမှုနှင့် နေ့စဉ်ဖြတ်သန်း သွားလာလျက်ရှိသော မန္တလေး-လားရှိုး အစုန်အဆန်ရထားများနှင့် ကုန်ရထားများကို အနှောင့်အယှက် များစွာ ဖြစ်ပေါ်နေမှုတို့နှင့်အတူ အခြားသော အန္တရာယ်ဖြစ်ပေါ်စေ နိုင်သည့် အကြောင်းများကြောင့် မြန်မာ့မီးရထားက အများပြည်သူ အန္တရာယ်တစ်စုံတစ်ရာ ကျရောက် လာနိုင်သည့်အရေးကို ကြိုတင် ကာကွယ်သည့်အနေဖြင့် တားမြစ်လိုက်ခြင်းဖြစ်ကြောင်း မြန်မာ့မီးရထားဌာနမှ သိရသည်။

တံတားကြီးသည် ကမ္ဘာပေါ်တွင် ဒုတိယအမြင့်ဆုံး တံတားကြီးဖြစ်သကဲ့သို့ ရှုခင်းများ နှင့် သာယာလှပမှု၊ အံ့သြဖွယ်ရာ အများအပြားကို လေ့လာတွေ့ရှိရမှု၊ တံတားပေါ် သည်းထိတ်ရင်ဖို လမ်းလျှောက် ဖြတ် သန်း၍ တစ်ဖက်တွင်ရှိသော မီးရထား လိုဏ်ဂူအတွင်းစုဝေး၍ ပျော်ရွှင်စွာ ဝင်ထွက်သွားလာနိုင်မှုနှင့် လှပဆန်း ပြားသော မှတ်တမ်းဓာတ်ပုံ၊ အလှ ဓာတ်ပုံများ ရိုက်ယူနိုင်မှုတို့ကြောင့် ပြည်သူများ နေ့စဉ်လာရောက် လည်ပတ်မှု များပြားနေခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.