Connect with us

Social

ဂြိုဟ်တုဖြင့် ကောင်းကင် ဓာတ်ပုံရိုက်ကာ နယ်နိမိတ်ပြန်လည် တိုင်းတာခြင်း လုပ်ငန်းအတွက် ငွေကျပ် သန်း ၁၅ဝဝ တောင်းခံ

ရန်ကုန်မြို့မြင်ကွင်းအား ကောင်းကင်ဓာတ်ပုံဖြင့် ရိုက်ကူးထားသည်ကို တွေ့ရစဉ်(ဓာတ်ပုံ-Google Maps)

ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဂြိုဟ်တုဖြင့်ကောင်းကင်ဓာတ်ပုံရိုက်ကူး၍ နယ်နိမိတ် ပြန်လည် တိုင်းတာခြင်းလုပ်ငန်းအတွက် ငွေကျပ် သန်း ၁၅၀၀ တောင်းခံထားကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီထံမှ သိရသည်။

ယင်းလုပ်ငန်းများကို ၂ဝ၁၇ -၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်နိုင်ရန် စုစုပေါင်း ကုန်ကျစရိတ် ငွေကျပ် သန်း ၁၅ဝဝ တင်ပြ တောင်းခံထားခြင်းဖြစ်သည်။

မြို့နယ် ၃၃ မြို့နယ်အတွင်း ဂြိုဟ်တုဖြင့် ကောင်းကင်ဓာတ်ပုံ ရိုက်ကူး၍ ပြန်လည်တိုင်းတာရေးဆွဲခြင်း လုပ်ငန်းစဉ်အတွက် ခန့်မှန်းကုန်ကျစရိတ်သည် ငွေကျပ် သန်း ၇ဝဝ လျာထားပြီး စည်ပင်သာယာ နယ်နိမိတ်အတွင်း မြို့နယ်များနှင့် ပြင်ပမြို့နယ်များကို အသေးစိတ်တိုင်းတာရန် ကွက်စိတ်မြေပုံတစ်ခု စီမံရေး ဆွဲခြင်း၊ Control Point များချခြင်း၊ Data Processing ပြုလုပ်ခြင်းများအတွက် ကုန်ကျစရိတ်သည် ငွေကျပ် သန်း ၈ဝဝ ကုန်ကျမည် ဟု ခန့်မှန်းထားကြောင်း တောင်းခံထားကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီထံမှ သိရသည်။

အဆိုပါ နယ်နိမိတ် ပြန်လည် တိုင်းတာခြင်းလုပ်ငန်းကို မြို့နယ် ၃၃ မြို့နယ်၌ အဓိကထား ရေးဆွဲမည်ဖြစ်ပြီး

မြေတိုင်းရပ်ကွက်အလိုက် မြို့ကွက်မြေပုံများနှင့် မြေပြင်အခြေအနေများ ကိုက်ညီမှု မရှိသည့်အတွက် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် အခက်အခဲများ ရှိနေကြောင်း သိရသည်။

ရန်ကုန်မြို့၏ မြေပုံများ ရရှိစေရန် ဂြိုဟ်တုဖြင့် ကောင်းကင်ဓာတ်ပုံ ရိုက်ကူး၍ နယ်နိမိတ် ပြန်လည်တိုင်းတာခြင်းများ ဆောင်ရွက်ရမည်ဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း မြေတိုင်းရပ်ကွက် အလိုက် မြို့ကွက်မြေပုံအတွက် အချပ်ရေ ၁၂ဝဝ ကျော်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.