Connect with us

Social

တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာ ယခုနှစ်အတွင်း နှစ်သောင်းကျော် တည်ဆောက်ပေးမည်

မြို့ပြနှင့် အိမ်ရာ လိုအပ် ချက်များအား ခေတ်အလိုက်ဖြည့်ဆည်း ဆောင်ရွက်ပေးမှု ညှိနှိုင်းအစည်းအဝေး (ဓာတ်ပုံ-MOI)

ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာများကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အတွင်း အခန်း နှစ်သောင်းကျော် ထပ်မံ တည်ဆောက် ပေးမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာ လိုအပ် ချက်များအား ခေတ်အလိုက် ဖြည့်ဆည်း ဆောင်ရွက်ပေးမှု ညှိနှိုင်း အစည်းအဝေးတွင် နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိမ်းက ပြောကြားသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပြည်သူ့အငှားအိမ်ရာ (၅,၁၅၆)ခန်း၊ ဝန်ထမ်းအိမ်ရာ (၁,၈၃၀)ခန်း၊ တန်ဖိုးနည်းအိမ်ရာ (၁၁,၁၆၀)ခန်း၊ တန်ဖိုးသင့် အိမ်ရာ (၆,၈၂၉) ခန်းနှင့် တန်ဖိုးမြင့် အကျိုးတူအိမ်ရာ (၄,၃၈၂)ခန်း စုစုပေါင်း (၂၉,၃၅၇) ခန်းကို ထပ်မံ တည်ဆောက်ပေးမည်ဖြစ်သည်။

တိုင်းဒေသကြီး/ပြည်နယ် များ၌ ပြည်ထောင်စု အစိုးရ ရန်ပုံငွေဖြင့် ဝန်ထမ်း အိမ်ရာများ၊ လှည့်ပတ် ရန်ပုံငွေဖြင့် ဝင်ငွေနည်း ပြည်သူ များနှင့် နိုင်ငံဝန်ထမ်းများ အတွက် တန်ဖိုး နည်းနှင့် တန်ဖိုးသင့် အိမ်ရာများကို နိုင်ငံတော်၏ မူဝါဒတစ်ရပ် အနေဖြင့် အဓိက ထားတည် ဆောက်ပေးခဲ့ပြီး ပုဂ္ဂလိက လုပ်ငန်းရှင်များဖြင့်လည်း အကျိုးတူ အိမ်ရာများကို ဖော်ဆောင်ခဲ့ရာ လေးနှစ်တာ ကာလအတွင်း စုစုပေါင်း အိမ်ခန်းပေါင်း (၃၆,၀၅၉)ခန်း တည်ဆောက် ပေးနိုင်ခဲ့သည်။

၂၀၁၁-၂၀၁၅ ဒီမိုကရေစီ အစိုးရ လက်ထက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် များ တွင် ဝန်ထမ်း အိမ်ရာစုစုပေါင်း (၂,၅၉၆)ခန်းနှင့် တန်ဖိုးသင့် အိမ်ရာစုစုပေါင်း (၇,၁၃၆)ခန်း ကို တည်ဆောက် ပေးနိုင်ခဲ့ပြီး တန်ဖိုးနည်းအိမ်ရာ စုစုပေါင်း (၂၀,၂၉၈)ခန်းနှင့် အကျိုးတူ အိမ်ရာစုစုပေါင်း (၆,၀၂၉)ခန်းတို့ကိုလည်း တည်ဆောက်ပေးလျက်ရှိသည်။

အိမ်ရာ ကဏ္ဍတွင် နှစ် (၂၀)နှစ်ရှည် ဖွံ့ဖြိုးရေးစီမံကိန်းဖြင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်အထိ အိမ်ရာယူနစ် တစ်သန်းကို တိုင်းဒေသကြီး၊ ပြည်နယ်များ၏ မြို့တော်များနှင့် ဖွံ့ဖြိုးမှု အလားအလာရှိသည့် မြို့ကြီး (၈၁) မြို့၌ တည်ဆောက်ရန် ရည်မှန်းထားကြောင်း မြို့ပြနှင့် အိမ်ရာ လိုအပ် ချက်များအား ခေတ်အလိုက် ဖြည့်ဆည်း ဆောင်ရွက်ပေးမှု ညှိနှိုင်းအစည်းအဝေးတွင် တင်ပြခဲ့သည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် ၁၉၈၈ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်ဒေသ အနှံ့အပြားတွင် မြို့ပေါင်း (၉၉)မြို့၏ မြို့ပြ စီမံကိန်းများနှင့် မြို့တိုးချဲ့ရေး စီမံကိန်းများ ရေးဆွဲ ဆောင်ရွက်ခဲ့ရာတွင် အိမ်ရာ ကွက်ပေါင်း တစ်သိန်း ခန့် ပါဝင်သည်။

၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မြို့ပေါင်း (၅၆)မြို့အတွက် မြို့ပြစီမံကိန်း များ ရေးဆွဲပြီး ဖြစ်သည့်အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ် များ၏ လိုအပ်ချက် အရ မြို့ပေါင်း (၂၂)မြို့တွင်လည်း မြို့ပြ စီမံကိန်း များ ရေး ဆွဲဆောင်ရွက်ခဲ့သည်။

ဝင်ငွေနည်း ပြည်သူများ နှင့် နိုင်ငံ့ ဝန်ထမ်းများအား ဦးစားပေး အဆင့်အဖြစ် သတ်မှတ်ပြီး ဝင်ငွေ အဆင့်အတန်း ပေါ်မူတည်၍ တန်ဘိုးနည်း၊ တန်ဘိုးသင့် အိမ်ရာများ တည်ဆောက် ရောင်းချ သွားမည်ဖြစ်ပြီး အိမ်ခန်းဝယ်ယူ သူများအတွက် ဆောက်လုပ်ရေး နှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဘဏ် နှင့် ချိတ်ဆက်၍ အိမ်ရာ ငွေချေးစနစ် (Mortgage Loan) ဖြင့်(၈)နှစ် အရစ်ကျ ပေးချေသော စနစ်ကျင့် သုံးရန်လျာထား လျှက်ရှိသည်။
(Xinhua)