Connect with us

Social

ကျပ်၅၀၀ တန် ထီလက်မှတ်များကို ပြည်သူများစိတ်ဝင်စားမှုမြင့်တက်လျက်ရှိ

ကျပ်၅၀၀ တန်ထီထိုးနေသည့်သူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ)

ကျပ်သိန်းတစ်သောင်းဆု ချီးမြှင့်မည့် ကျပ်၅၀၀ တန် ထီလက်မှတ်များ ထီဆိုင်များတွင် ရောင်းအား သွက်လျက်ရှိကြောင်း၊ ယခင် ကျပ်၂၀၀ တန် ထီထိုးသူများလည်း ကျပ်၅၀၀ တန်ထီလက်မှတ်အား ပြောင်းလဲထိုးသူများရှိလာကြောင်း ထီဆိုင်မှ အရောင်းဝန်ထမ်းတချို့အား မေးမြန်းချက်အရ သိရသည်။

၃၈ လမ်း ရှိ ထီဆိုင်တစ်ခု၏ အရောင်းဝန်ထမ်းဖြစ်သူ ကိုစိုင်းမောင်မောင်က “၅၀၀ တန်ထီကို စိတ်ဝင်စားမှု က ထီထိုးသူတွေရဲ့ ၉၉ ရာခိုင်နှုန်းလောက်ရှိတယ် လို့ထင်တယ်။ မင်္ဂလာစုံတွဲ ကျပ်၁၅၀၀၀ တန် အစောင် ၃၀ ပါထီကို ထိုးကြတာများတယ်။ ၂၀၀ တန်ကိုတော့ စိတ်ဝင်စားမှုလျော့သွားတယ်။ ထက်ဝက်လောက်လျှော့သွားတယ်လို့ထင်ပါတယ်’’ ဟု ဆင်ဟွာကိုပြောသည်။ကျပ် ၅၀၀ တန် ထီထိုးသူအများစု သည် ဆုငွေတန်ဖိုးသည် မက်မောစရာရှိသည့်အတွက် မျှော်လင့်ချက်၊ ရည်ရွယ်ချက်များ ဖြင့် ထီထိုးကြခြင်းဖြစ်ကြောင်း သိရသည်။တောင်ဥက္ကလာတွင် နေထိုင်သည့် ဦးမြင့်ဆွေက “၅၀၀တန်ထိုးဖို့ ဂဏန်းရွေးနေတာပါ။ သိန်း၁၀,၀၀၀ ဆုဆိုတော့ အရင်က ၁၅၀၀ ဆုက ကာလပေါက်ဈေးနဲ့ ဆိုဘာမှ မဖြစ်လောက်ဘူးလေ။ သိန်း၁၀,၀၀၀ ဆုကြတော့ပိုပြီး မျှော်မှန်းလို့ ကောင်းတာပေါ့။ သိန်း၁၀,၀၀၀ ဆုပေါက်ခဲ့ရင် တိုက်ခန်းဝယ်မယ်။ အရင်းအနှီးလေးဖြစ်တာပေါ့” ဟု ဆင်ဟွာကိုပြောသည်။

ကျပ် ၅၀၀တန် ထီထိုးရန် နံပတ်ရွေးချယ်နေသူတို့အားတွေ့ရစဉ် (ဆင်ဟွာ)

ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲသည် ယခုနှစ်၊ မတ်လ (၁) ရက်နေ့မှစ၍ ပြည်သူအများ ကံစမ်းနိုင်ရန်အတွက် ကျပ် ၅၀၀ တန် အောင်ဘာလေ ထီလက်မှတ်များကို ထီအရောင်းကိုယ်စားလှယ်များမှ တစ်ဆင့် ရောင်းချခဲ့ခြင်းဖြစ်သည်။ပုဇွန်တောင် မြို့နယ်ရှိ ကိုခင်မောင်ဖြူ က “ကျွန်တော်က ပထမဆုံး ထီထိုးဖြစ်တာပါ။ သိန်း၁၀,၀၀၀ ဆုပေါက် ခဲ့ရင် အမေတို့ကို တစ်ဝက်ပေးမယ်ကျန်တဲ့ ကိုယ့်ရှေ့ရေးအတွက် အသုံးပြုမယ်’’ ဟုပြောသည်။တိုင်းဒေသကြီး/ပြည်နယ် (၁၄) ခုနှင့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် ဒေသအသီးသီးသို့ မြို့နယ်အခွန်ဦးစီးဌာနမှူး ရုံးများမှတစ်ဆင့် လည်းကောင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့ပေါ်ရှိ မြို့နယ်များအတွက် အောင် ဘာလေ သိန်းဆု ဌာနခွဲနှင့် မန္တလေး (ရုံးခွဲ) များမှ တစ်ဆင့်လည်းကောင်း၊ ကိုယ်စားလှယ်စုစုပေါင်း (၂၃၁၉) ဦးထံ ထီစာအုပ် (၂၈၈၆၉၉၉) အုပ် (ထီလက်မှတ်စောင်ရေပေါင်း ၃၁,၇၅၆,၉၈၉စောင်) ဖြန့်ဝေပေးပို့ ထားပြီး ဖြစ်ကြောင်း သိရသည်။

အောင်ဘာလေသိန်းဆုဌာနခွဲ (လက်ထောက်ညွှန်ကြားရေးမှူး) ဒေါ်ခင်မြင့်ဦး က “မတ်လ ထဲမှာ ၃ ရက်ကနေ မတ်လ၂၄ ရက် အထိ ထပ်ရောင်းဦးမှာပါ။ ပြည်သူတွေရဲ့လိုအပ်ချက်အရ ထပ်မံလိုအပ်ရင် ထပ်ရောင်းဦးမှာ။ အရောင်းပိတ်ပြီးတဲ့အချိန်မှ ရောင်းရငွေကို တွက်ပြီးတော့ မှ ၄၀ ရာခိုင်နှုန်းကို နိုင်ငံတော်ဘဏ္ဍာငွေ ၊ ၆၀ ရာခိုင်နှုန်းကို ဆုမဲတွေ အဖြစ်သတ်မှတ်လိုက်မယ်။ ကျပ်သိန်း ၁၀,၀၀၀ ဆု နဲ့ ကျပ်သိန်း ၅,၀၀၀ ဆုကို ကျွန်မတို့လျာထားပြီးသွားပြီ။ နောက်ထပ် ကျန်တဲ့ အပိုဆုလေးတွေပါလာဦးမယ်’’ ဟုဆင်ဟွာကိုပြောသည်။အောင်ဘာလေသိန်းဆု ဌာနခွဲနှင့် သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်တို့ ချုပ်ဆိုထားသော ပဋိညာဉ်စာချုပ်အရ ထီလက်မှတ်များ ပြန်လည် ရောင်းချ ရာတွင် ထီလက်မှတ်အပေါ်၌ ရိုက်နှိပ်ထားသော ထီလက်မှတ်တန်ဖိုး အတိုင်း ရောင်းချရန်နှင့် တန်ဖိုးအတိုင်းရောင်းချခြင်း မပြုပါက ပဋိညာဉ် စာချုပ်ပါအတိုင်း အမည်ပျက်စာရင်း (Black Lisk) အဖြစ် သတ်မှတ်မည်ဖြစ် ကြောင်း၊ ထို့ပြင် လစဉ်ထီစာအုပ် ဝယ်ယူခွင့်ကို ပြန်လည်ရုပ်သိမ်းခြင်း၊ ထီအရောင်း ကိုယ်စားလှယ်က ဌာနသို့ ပေးသွင်းထားသော အာမခံငွေ (Deposit) အား နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူခြင်းတို့ကို ဆောင် ရွက်မည်ဖြစ်ကြောင်း သိရသည်။

၂၀၀ တန်ထီလက်မှတ်များအားလည်း မေလ အထိ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ဇွန်လမှ စပြီး ကျပ် ၅၀၀တန် ထီလက်မှတ် တမျိုးတည်းကိုသာ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ကျပ်၂၀၀ တန် ထီလက်မှတ်ကို ၂၀၁၂ ခုနှစ်တွင် စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး ကျပ်သိန်း ၁၅၀၀ဆု ချီးမြှင့်ခဲ့သည်။ ကျပ် ၅၀၀တန်ထီ ၏ အများဆုံး ဆုမဲသည် ကျပ် သိန်း ၁၀,၀၀၀ ဖြစ်သည့်အတွက်၊ ထီထိုးသူများ အနေဖြင့် လုပ်သာကိုင်သာ ရှိသည့် ငွေကြေးဖြစ်သည့်အတွက် စိတ်ဝင်စားမှုမြင့်တက်ရခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.