Connect with us

Social

တရားဥပဒေစိုးမိုးရေးနှင့် မှုခင်း ကျဆင်းရေး မြို့နယ်အလိုက် စီမံချက်ထား ဆက်လက် ဆောင်ရွက်သွားမည်

၄ မြို့နယ် ရှေ့ပြေးစီမံချက် ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်း ပြောကြားနေစဉ်(ဓာတ်ပုံ-Yangon Police)

ရန်ကုန် ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

ရန်ကုန် တိုင်းဒေသကြီးတွင် မှုခင်းဖြစ်ပွားမှု များသော ၄ မြို့နယ်၌ တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်း ကျဆင်းရေး ရှေ့ပြေး စီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဒုစရိုက်မှုများ သိသာစွာ ကျဆင်းခဲ့ပြီး ကျန်ရှိသည့် မြို့နယ်များတွင်လည်း စီမံချက်ထား ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

မှုခင်းဖြစ်ပွားမှု များသော မြို့နယ်များ ဖြစ်သည့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နှင့် လှိုင်သာယာ မြို့နယ်၊ ကမာရွတ်နှင့် သန်လျင် မြို့နယ်တို့ ရပ်ရွာ အခြေပြု ပြည်သူများနှင့် ပူးပေါင်းကာ တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်း ကျဆင်းရေးကို ဇွန်လ ၁၂ ရက်မှ စတင်၍ အကောင်အထည် ဖော်ခဲ့ရာ ဒုစရိုက်မှုများ သိသာစွာ ကျဆင်းခဲ့ကြောင်း သိရသည်။
ထိုအတူ မှုခင်းဖြစ်ပွားမှုများသော မြို့နယ်များတွင် တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်း ကျဆင်းရေး စီမံချက် ဆောင်ရွက်ရာတွင် လူငယ်အချို့သည် ဒုစရိုက်မှု ကျူးလွန်ရန် စိတ်ဆန္ဒမရှိဘဲ အလုပ်အကိုင် ရှားပါးခြင်း၊ အလုပ်နှင့် ညီမျှသော ဝင်ငွေမရရှိခြင်းကြောင့် ဒုစရိုက်မှုများ ကျူးလွန်နေခြင်းကို စစ်ဆေး တွေ့ရှိ ရကြောင်း သိရသည်။
ထို့အပြင် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရှေ့ပြေး စီမံချက် ဆောင်ရွက်လျက် ရှိသည့် မြို့နယ်များ၌ တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်း ကျဆင်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သော နေရာများ၌
အသုံးပြုရန် တစ်မြို့နယ်လျှင် ကျပ်သိန်း ၁၀၀ စီဖြင့် စုစုပေါင်း ကျပ် သိန်း ၄၀၀ အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.