Connect with us

Social

လူဦးရေ၊ လူမှုစီးပွား အချက်အလက်များ အချိန်နှင့် တစ်ပြေးညီ ပံ့ပိုးရေးသည် အခြေခံ လိုအပ်ချက်ဖြစ်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့  အင်အား ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအေးလွင် အဖွင့်မိန့် ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

နိုင်ငံတော် ဖွံ့ဖြိုးရေးအတွက် လူဦးရေနှင့် လူမှု စီးပွားဆိုင်ရာ အချက်အလက်တို့ကို အချိန်နှင့် တစ်ပြေးညီ ပံ့ပိုးနိုင်ရေးသည် အခြေခံကျသော လိုအပ်ချက်တစ်ရပ် ဖြစ်သည်ဟု နေပြည်တော် M Gallery Hotel တွင် ယနေ့ နံနက်ကျင်းပသော သန်းခေါင်စာရင်း အချက်အလက် Redatam Database နှင့် online interactive ရှင်းလင်းတင်ပြခြင်း အခမ်းအနား အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအေးလွင်က ပြောကြားခဲ့ သည်။

“မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုဆဲနိုင်ငံအနေနဲ့ အချက်အလက်များ ပံ့ပိုးပေးနိုင်မယ့် နည်းလမ်း ရွေးချယ်ရေး ဟာ ပကတိ စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါတယ်၊ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ကျွန်တော်တို့ ဝန်ကြီး ဌာနက ဆောင်ရွက်နေပါတယ်၊ နိုင်ငံတစ်ဝန်း ကမ္ဘာတစ်ဝန်းက အချက်အလက် အသုံးပြုသူအားလုံး အတွက် ပြည်သူ့အင်အား ဦးစီးဌာနရဲ့ website ကို စတင်အသုံးပြုနိုင်ပါပြီ၊ မိမိတို့ နယ်ပယ် ဒေသ အလိုက် စာရင်းအင်း အချက်အလက်တွေကို ပိုမို အကျိုးရှိစွာ အသုံးချနိုင်ပြီ ဖြစ်ကြောင်း ဂုဏ်ယူ ဝမ်းမြောက်စွာ ကြေညာအပ်ပါတယ်” ဟုလည်း ၎င်းက ပြောခဲ့သည်။

ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFP) ဌာနေကိုယ်စားလှယ် Ms. Janet E. Jackson အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

OneMap Myanmar မှ Chief Technical Advisor Dr. Joan Bastide အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

ပြည်သူ့အင်အား ဦးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီက Census Website အား ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)

သန်းခေါင်စာရင်း အချက်အလက် Redatam Database နှင့် online interactive ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကျင်းပနေစဉ် (ဆင်ဟွာ)

၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့သော မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက်များကို အခြေခံ့ပြီး နေပြည်တော် အပါအဝင် တိုင်းဒေသကြီး ပြည်နယ် အဆင့် အစီရင် ခံစာ ၁၅ စောင်၊ အသေးစိတ် ဆန်းစစ်လေ့လာထားသော သုတေသန စာတမ်း ၁၃ စောင်၊ သန်းခေါင် စာရင်း ရလဒ်မြေပုံ အစီရင်ခံစာ၊ မြို့နယ်၊ မြို့နယ်ခွဲ အစီရင်ခံစာ ၄၀၀ ကျော်တို့ကို ပြုစု နိုင်ခဲ့ပြီး ပြည်သူ အများ 0nline မှ လေ့လာနိုင်ရန် ၂၀၁၅ ခုနှစ်တွင် www.dop.gov.mm အမည်၇ှိ website ကို ဂျာမနီနိုင်ငံရှိ Data Center တွင် Web Server ထားရှိပြီး လွှင့်တင်ခဲ့ကြောင်း၊ ယခုအခါ အဆိုပါ website ကို နိုင်ငံတကာအဆင့််မီစေရေး။ သတင်းအချက်အလက်များ အလွယ်တကူ ရယူနိုင်ရေးတို့ အတွက် OneMap Myanmar ၏ အကူအညီဖြင့် အသစ် ပြန်လည် ပြင်ဆင်ခဲ့ကြောင်း၊ လွှင့်တင်မည့် အချက်အလက်များ စနစ်တကျ ရှိစေဖို့၊ ပိုမို လျင်မြန် လွယ်ကူစွာ ရယူ အသုံးပြုနိုင်ရန်၊ လုပ်ထုံး လုပ်နည်း များနှင့် ညီညွတ်ပြီး သတင်းအချက်အလက်များ လုံခြုံမှု ရှိရန်အတွက် OneMap Myanmar မှ တာဝန်ရှိသူများနှင့် အကြိမ်ကြိမ် ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်ပြီး နည်းပညာ အသစ်များ ရယူကာ အသစ် ပြင်ဆင် ရေးဆွဲခဲ့ပြီး ဖြစ်ကြောင်း အမြဲတမ်း အတွင်းဝန်က ရှင်းလင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.