Connect with us

Social

တရုတ်- အာဆီယံ သကြားထုတ်ကုန်၊ သကြားစိုက်ပျိုးရေးဆိုင်ရာ စက်အပိုပစ္စည်းပြပွဲကို ဒီဇင်ဘာ ၁၉ ရက် မှ ၂၁ ရက် အထိ ကျင်းပမည်

၂၀၁၉ ခုနှစ်တွင် ကျင်းပခဲ့သည့် တရုတ်- အာဆီယံ သကြားထုတ်ကုန်၊ သကြားစိုက်ပျိုးရေးဆိုင်ရာ စက်အပိုပစ္စည်းပြပွဲအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရေးသားသူ /အေးလပြည့်

တရုတ်- အာဆီယံ သကြားထုတ်ကုန်၊ သကြားစိုက်ပျိုးရေးဆိုင်ရာ စက်အပိုပစ္စည်းပြပွဲကို ဒီဇင်ဘာလ ၁၉ ရက် မှ ၂၁ ရက် အထိ ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး မြန်မာလုပ်ငန်းရှင်များအား ယင်းပွဲတွင် ပါဝင်ပြသရန် ဖိတ်ကြားထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ က ဆင်ဟွာသို့ ဒီဇင်ဘာ ၁၅ ရက်တွင်ပြောကြားသည်။

“COVID-19 ကြောင့် မြန်မာလုပ်ငန်းရှင်တွေ သွားပြဖို့ခက်ခဲရင်လည်း မြန်မာကောင်စစ်ဝန်ရုံးက မြန်မာလုပ်ငန်းရှင်တွေပြသမယ့် သကြားထွက်ကုန်တွေကို ပြသရှင်းလင်းပေးမှာပါ’’ ဟု ၎င်းကဆိုသည်။တရုတ်- အာဆီယံ သကြားထုတ်ကုန်၊ သကြားစိုက်ပျိုးရေးဆိုင်ရာ စက်အပိုပစ္စည်းပြပွဲအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့ Nanning International Convention and Exhibition Center (NICEC) တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ယင်းပြပွဲတွင် သကြားစိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်သည့် စက်ပစ္စည်းများ၊ နည်းပညာများနှင့် အသုံးအဆောင်များ၊ သကြားနှင့်လုပ်ငန်းသုံးသကြားစသည့်ထွက်ကုန်များ၊ ချောကလက်၊ သကြားလုံး၊ ပျားရည်၊ ဘီစကစ်၊ နို့မှုန့်၊ သကြားပါဝင်သည့် ဆေးဝါးများ၊ စိုက်ပျိုးရေး ထွက်ကုန်များစသည့် သကြားဖြင့် ထုတ်လုပ်ထားသည့် စားသောက်ကုန်များနှင့် ယမကာများ၊ အထောက်အကူပြုပံ့ပိုးပေးမည့် ဝန်ဆောင်မှုများဟူ၍ အပိုင်း(၅)ပိုင်းဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲတွင် မြန်မာနိုင်ငံ၏ သကြားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုများအား ပါဝင်ပြသရေးအတွက် (၃၆)စတုရန်းမီတာ ပြခန်းနေရာကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ နန်နင်းစီးပွားရေးသံမှူးနှင့် ရုံးဝန်ထမ်းများက မြန်မာနိုင်ငံ၏ သကြားလုပ်ငန်းဖွံ့ဖြိုးလာပုံများကို နံရံကပ်စာစောင်များ၊ လက်ကမ်းစာစောင်များနှင့် ခင်းကျင်းပြသပြီး ဝယ်ယူလိုကြောင်း စုံစမ်းမေးမြန်းမှုများရှိပါက ရောင်းချလိုသည့် သကြားထွက်ကုန်များအကြောင်းကို ရှင်းလင်းဖြေကြားပေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာလုပ်ငန်းရှင်များအနေဖြင့် မြန်မာ့ကြံ လုပ်ငန်းနှင့် သကြားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာပုံ၊ ရောင်းချလိုသည့် ထွက်ကုန်များ၏ ဓာတ်ခွဲစမ်းသပ်ချက်များ၊ ဈေးနှုန်း၊ အမျိုးအစားဖော်ပြချက်များနှင့် မြန်မာလုပ်ငန်းရှင်များ၏ ဆက်သွယ်ရ မည့်အမည်၊ E- mail လိပ်စာ၊ Viber ဖုန်းနံပါတ်တို့ကို နန်နင်း၊ စီးပွားရေသံမှူး၊ E-mail: [email protected] နှင့် [email protected] သို့ ဒီဇင်ဘာ ၁၆ ရက်တွင် နောက်ဆုံးထား၍ ပေးပို့နိုင်ပါကြောင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ မှ သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117