Connect with us

Social

၁၀၀၀ ကျပ် တန် အောင်ဘာလေထီလက်မှတ်များ အရောင်ပြောင်း ထုတ်ဝေမည်

ရန်ကုန်မြို့တွင်းရှိ ထီအရောင်းဆိုင်တစ်ဆိုင်အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

၁၀၀၀ ကျပ်တန် အောင်ဘာလေထီလက်မှတ်များကို လုံခြုံရေး အရေအသွေးကောင်းမွန်စေရန် လာမည့် ၂၀၂၁ ခုနှစ်တွင် ထီလက်မှတ်များ အရောင်ပြောင်းလဲရိုက်နှိပ်ထားကြောင်း စီမံကိန်း၊ဘဏာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။

၂၀၂၁ခုနှစ်(ဇန်နဝါရီ၊ဖေဖော်ဝါရီ၊မတ်လ)(၁)ရက်တို့တွင် စတင်ရောင်းချမည့် (၂၄၊၂၅၊၂၆)ကြိမ်မြောက်အောင်ဘာလေ ထီလက်မှတ်များကို အစိမ်းနုရောင်ပြောင်းလဲ ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
လုံခြုံမှုအရည်အသွေးပိုမိုကောင်းမွန်စေရန်ရည်ရွယ်၍ ထီလက်မှတ်များ၏ အောက်ခံအရောင်ကိုအစိမ်းနုရောင်ဖြင့် ပြောင်းလဲရိုက်နှိပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ထီလက်မှတ်များ အရောင် ပြောင်းလဲထားသော်လည်း မိဘပြည်သူများအနေဖြင့် အောင်ဘာလေထီစာရွက်များကို စိတ်ချယုံကြည်စွာဖြင့် ဝယ်ယူကံစမ်းနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.