Connect with us

Social

ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဥပဒေ စိုးမိုးရေး၊ မှုခင်း လျော့နည်း ကျဆင်းရေး ၈ မြို့နယ် ထပ်မံ တိုးချဲ ့ဆောင်ရွက်

ရှေ့ပြေးစီမံချက်လုပ်ငန်းစဉ်များ ရှင်းလင်းခြင်းအခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၌ ပြုလုပ်ခဲ့စဉ်(ဓာတ်ပုံ-Yangon Police)

ရန်ကုန် ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဥပဒေ စိုးမိုးရေး၊ မှုခင်း လျော့နည်း ကျဆင်းရေး အတွက် ရပ်ရွာအခြေပြု ရှေ့ပြေးစီမံချက် ဆောင်ရွက်လျက်ရှိသည့် ကနဦး ၄ မြို့နယ် အပြင် ၈ မြို့နယ်အား ယခု သြဂုတ်လတွင် တိုးချဲ့ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

ရပ်ရွာအခြေပြု ရှေ့ပြေးစီမံချက် အဖြစ် ထပ်မံ တိုးချဲ့ဆောင်ရွက်သည့် ၈ မြို့နယ်မှာ သာကေတမြို့နယ် ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ၊ စမ်းချောင်းမြို့နယ် ၊ မရမ်းကုန်း မြို့နယ် ၊ ဒလမြို့နယ် ၊ တွံတေးမြို့နယ် ၊ အင်းစိန်မြို့နယ် နှင့် မင်္ဂလာဒုံမြို့နယ် တို့ဖြစ်ကြောင်း သိရသည်။
ထို့အတူ ကနဦး(၄)မြို့နယ်ဖြစ်သော ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ကမာရွတ်မြို့နယ်၊ သန်လျင်မြို့နယ်နှင့် လှိုင်သာယာ မြို့နယ်တို့တွင် အရှိန်မပျက် ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.