Connect with us

Social

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲတွင် မီးပုံးပျံ အလုံးရေ ၄၀၀ ကျော် လွှတ်တင် ယှဉ်ပြိုင်မည်

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲ ကျင်းပမှု တစ်ခုအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ)

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို တောင်ကြီးမြို့ အဝေရာ ကုန်းသာယာ မီးပုံးပျံကွင်း၌ နိုဝင်ဘာ ၆ရက်မှ စတင်၍ ၁၅ ရက် အထိ ၁၀ရက်ကြာ ကျင်းပမည်ဖြစ်ပြီး ပွဲတော် ကာလတွင် ပြိုင်ပွဲဝင်မီးပုံးပျံ အလုံးရေ ၄၀၃ လုံး လွှတ်တင် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရသည်။

ရှမ်းပြည်နယ် ၊ တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကာလတွင် နေ့လွှတ် အရုပ်ခြေ ၂ ချောင်း ၁၄၅ လုံး ၊ ခြေ ၄ ချောင်း ၈၇ လုံး ၊ အုပ်စု ၅၅ လုံး ၊ စုစုပေါင်း ၂၈၇ လုံး နှင့် ညမီးကြီး ၈၀ လုံး ၊ စိန်နားပန် ၃၆ လုံး ၊ စုစုပေါင်း ၁၁၆ လုံး ၊ နေ့လွှတ် ၊ ညမီးကြီး ၊ စိန်နားပန် စုစုပေါင်း ၄၀၃ လုံး လွှတ်တင် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ ပွဲတော် ကာလတွင် ရောင်စုံ ဓာတ်ပုံ ပြိုင်ပွဲများ ၊ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် တောင်ကြီး တန်ဆောင်တိုင် ဖွင့်ပွဲကို နိုဝင်ဘာ ၆ ရက်တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက် တာလင်းထွဋ် နှင့် ရှမ်းပြည်နယ်အ စိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲ အခမ်းအနားတွင် ရှမ်းပြည်နယ် ယဉ်ကျေးမှု အဖွဲ့၊ တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့တို့မှ ကိန္နရီ ၊ ကိန္နရာ အက ၊ ဓားသိုင်း အက များဖြင့် ကပြ ဖျော်ဖြေခြင်း ၊ တန်ဆောင်တိုင် သီချင်းဖြင့် ကပြ ဖျော်ဖြေခြင်း များ ပြုလုပ်ခဲ့ကြပြီး မီးပုံးပျံ အလုံးရေ ၁၅၀၀ ကျော် တစ်ပြိုင်နက် လွှတ်တင်ခြင်းများလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.