Connect with us

Social

ရန်ကုန်မြို့တွင် နေ့စဉ်ထွက်ရှိနေသော အမှိုက်တန်ချိန် ၂ဝဝဝ အတွက် မီးရှို့စက် တည်ဆောက်ရန်လိုအပ်

ရန်ကုန်မြို့တွင်း စွန့်ပစ်ထားသော အမှိုက်များအား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်းရှိ မြို့နယ်အသီးသီးမှ နေ့စဉ်ထွက်ရှိသည့် အမှိုက်တန်ချိန် ၂ဝဝဝ အတွက် အမှိုက်မှ လျှပ်စစ်ထုတ်လုပ်နိုင်မည့် မီးရှို့စက် တည်ဆောက်ရန် လိုအပ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနထံမှ သိရသည်။

အဆိုပါ ရန်ကုန်မြို့မှ နေ့စဉ်ထွက်ရှိသော အမှိုက်တန်ချိန် ၂ဝဝဝ ကို မီးရှို့ပါက ရန်ကုန်မြို့၌ လိုအပ်သည့် လျှပ်စစ် ၁၅ဝ မဂ္ဂါဝပ် ရရှိနိုင်မည်ဖြစ်ပြီး ယင်း မီးရှို့စက်သည် အမေရိကန်ဒေါ်လာ သန်း ၆ဝဝ ခန့် ကုန်ကျနိုင်ကြောင်း လက်ထောက်ဌာနမှူး ဒေါက်တာအောင်မြင့်မော်က ပြောကြားသည်။

ရွှေပြည်သာမြို့နယ် လှော်ကားဥယျာဉ် အနီး၌ တည်ဆောက်လျက်ရှိသည့် တစ်နေ့လျှင် အမှိုက်တန် ၆ဝ မီးရှို့နိုင်သော အမှိုက်မီးရှို့စက်သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အမေရိကန်ဒေါ်လာ ၈ သန်း၊ ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၈ သန်း လှူဒါန်းမှုဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆ သန်း အကုန်အကျခံ တည်ဆောက်လျက်ရှိသည်။

ရန်ကုန်မြို့တွင်းမှ နေ့စဉ်ရရှိသော အမှိုက်များကို ထားဝယ်ချောင်၌ တန် ၇ဝဝ၊ ထိန်ပင်၌ တန် ၉ဝဝ၊ ရွှေပြည်သာ တောကျောင်းကလေး၌ တန် ၃ဝဝ ခန့်၊ ရွှေပြည်သာ ကျူချောင်၌ တန် ၆ဝ မှ ၇ဝ ခန့်၊ ဒလ၌ ၂၅ တန်မှ တန် ၃ဝ၊ ဆိပ်ကြီးခနောင်တို၌ ငါးတန်ခန့် စုစုပေါင်း တန် ၂ဝဝဝ အား ပုံထားရကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနထံမှ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.