Connect with us

Social

ထိုင်းနိုင်ငံဒုက္ခသည်စခန်းများရှိ မြန်မာနိုင်ငံသား ၆၅ ဦး ပြန်လည် ရောက်ရှိ


ရန်ကုန် ၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ)

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများ၌ နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသား ၆၅ ဦးသည် မြန်မာနိုင်ငံ၌ ပြန်လည်နေထိုင်နိုင်ရန် ယနေ့အောက်တိုဘာလ ၂၆ ရက်နေ့တွင် မြဝတီမြို့သို့ ရောက်ရှိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

ထိုသို့ ပြန်လည်ဝင်ရောက်လာသည့် မြန်မာဒုက္ခသည်များသည် အိမ်ထောင်စု ၁၉ စုရှိပြီး ကျား ၃၀ ဦး၊ မ ၃၅ ဦး စုစုပေါင်း ၆၅ ဦး ပြန်လည် ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်းများမှ ရောက်ရှိလာသော မြန်မာနိုင်ငံသားများအား ကြိုဆိုသည့် အခမ်းအနား ကျင်းပစဉ်(ဓာတ်ပုံ-MOI)

ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်းများမှ ရောက်ရှိလာသော မြန်မာနိုင်ငံသားများအား ကြိုဆိုသည့် အခမ်းအနား ကျင်းပစဉ်(ဓာတ်ပုံ-MOI)

ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်းများမှ မြန်မာနိုင်ငံသားများ ပြန်လည် ရောက်ရှိလာစဉ်(ဓာတ်ပုံ-MOI)

ထိုမိသားစုဝင်များအား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ၊ UNHCR ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့တို့ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများက ယာယီနေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေးနှင့် အခြားလိုအပ်သည်များ အတွက် စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။ထိုသို့ ပြန်လည်ဝင်ရောက်လာသည့် မြန်မာဒုက္ခသည် မိသားစုများအား ကြိုဆိုသည့်အခမ်းအနားကို ယနေ့ နေ့လည်ပိုင်း အချိန်တွင် မြဝတီမြို့၊ အမှတ်(၁)ချစ်ကြည်ရေးတံတား (ထိုင်းဘက်ခြမ်း) ပေါ်တွင် ကျင်းပခဲ့ပြီးနောက် ဒုက္ခသည်မြန်မာမိသားစုဝင်များအား မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ပြန်လည် ကြိုဆိုလက်ခံရေးစခန်းသို့ ခေါ်ဆောင် ခဲ့ပြီး ပြန်လည်ကြိုဆိုခြင်းအခမ်းအနား ဆက်လက် ကျင်းပခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.