Connect with us

Social

မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော မင်္ဂလာဈေးဖြိုဖျက်ရှင်းလင်းမှု ဒီဇင်ဘာတွင် အပြီးလုပ်ဆောင်မည်

မင်္ဂလာဈေးမီးလောင်ကျွမ်းခဲ့မှုအားမြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

ဇန်နဝါရီလက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ မင်္ဂလာဈေးကို လုပ်သား ၃ဝဝ ကျော်ဖြင့် စတင်ဖြိုဖျက် ရှင်းလင်းလျက်ရှိကာ ဒီဇင်ဘာလ အတွင်း အပြီးသတ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဧကရီဖူး ကုမ္ပဏီမှ မင်္ဂလာဈေး ဖြိုချခြင်းလုပ်ငန်း လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး တာဝန်ခံ ကိုအောင်လွင် ထံမှ သိရသည်။

အဆိုပါ မင်္ဂလာဈေးကို အသစ်ပြန်လည် တည်ဆောက်ရေး အတွက် မီးဘေးသင့် အဆောက်အအုံ ဟောင်းကို ဖြိုချရန် ဧကရီဖူး ကုမ္ပဏီက တင်ဒါအောင်မြင် ခဲ့ရာ သက်ဆိုင်ရာသို့ ငွေကျပ်သိန်း ၁ဝဝဝ ပေးသွင်းခဲ့ပြီး အောက်တိုဘာ ၂၂ ရက်မှစတင်၍ လုပ်သား ၃၀၀ ကျော်ဖြင့် ဖျက်သိမ်းရေးပိုင်း စတင် လုပ်ဆောင်လျက် ရှိသည်။

အဆိုပါ မင်္ဂလာဈေး ဖြိုဖျက်ခွင့် ရရန် အဆိုပြုလွှာ တင်သွင်းသည့် ကုမ္ပဏီ နှစ်ခုထဲမှ ဘေးအန္တရာယ် ကင်းရှင်းရေး အလေးထား ဆောင်ရွက်မည့် ကုမ္ပဏီကို ဦးစားပေး ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ဌာနမှူး ဦးသန်းဌေး က ပြောသည်။

မင်္ဂလာဈေးကို ဖြိုချပြီးပါက အသစ်ထပ်မံ တည်ဆောက် သွားမည်ဖြစ်ပြီး လတ်တလောတွင် ဖြိုချ၍ ရရှိသည့် ပစ္စည်းများကို တင်ဒါရကုမ္ပဏီ က ပိုင်ဆိုင်ခွင့် ရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.