Connect with us

Social

နိုင်ငံတော် သမ္မတ၏ ရှေ့မှောက်တွင် မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီဝင်များ ကတိ သစ္စာ ခံယူ

နိုင်ငံတော် သမ္မတ၏ ရှေ့ မှောက်တွင် မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီဝင်များး ကတိ သစ္စာ ခံယူနေကြစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ)

သတင်း မီဒီယာ ဥပဒေနှင့် အညီ အသစ် ဖွဲ့စည်းလိုက်သည့် မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီဝင် များသည် ယနေ့ဒီဇင်ဘာလ ၁၁ ရက်တွင် နိုင်ငံတော် သမ္မတ၏ ရှေ့မှောက်၌ ကတိ သစ္စာ ခံယူခဲ့ကြသည်။

မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီ ကတိ သစ္စာ ခံယူပွဲတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က စတုတ္ထ မဏ္ဍိုင် ဖြစ်သည့် စာနယ်ဇင်း သတင်း မီဒီယာ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ဆောင်ရွက်ခဲ့မှုများ အပေါ် ရှင်းလင်း ပြောကြားခဲ့ ပြီးနောက် သတင်း မီဒီယာ ကောင်စီ၏ လုပ်ငန်း တာဝန်များသည် သတင်း မီဒီယာ သမားများ၏ ရပိုင်ခွင့်များ ၊ အခွင့်အရေးများ ရရှိအောင် ဆောင်ရွက် ပေးရမည် ဖြစ်သကဲ့သို့သတင်းမီဒီယာ သမားများ လိုက်နာရမည့် တာဝန်နှင့် ကျင့်ဝတ်များကိုလည်း လိုက်နာ ဆောင်ရွက်နိုင်ရန် အရည်အသွေး မြှင့်တင် ပေးရမည့် တာဝန် ရှိကြောင်း ၊ ယင်းတာဝန်များကို သတင်းမီဒီယာ ကောင်စီ အနေဖြင့် သတင်း မီဒီယာ ဥပဒေ ၊ နည်းဥပဒေများနှင့် အညီ အကောင် အထည်ဖော် ဆောင်ရွက် နိုင်မည်ဟု ယုံကြည်ပါကြောင်း ၊ သတင်း မီဒီယာ ကောင်စီ၏ တိုင်ကြားမှု ညှိနှိုင်း ဖြေရှင်းရေး လုပ်ငန်းစဉ်ကို အသက်ဝင်အောင် လုပ်ဆောင်ရန် အားလုံး ပူးပေါင်း လုပ်ဆောင်ကြရန် တိုက်တွန်းလိုကြောင်း ၊ ယနေ့ကတိ သစ္စာ ခံယူသော သတင်းမီဒီယာ ကောင်စီဝင် များသည် စာနယ်ဇင်း လောက ဖွံ့ဖြိုး တိုးတက်ရေးနှင့် သတင်း မီဒီယာ ဥပဒေပါ ရည်ရွယ်ချက်များ အောင်မြင်စေရေး အတွက် သတင်းမီဒီယာ ကောင်စီ၏ လုပ်ငန်း တာဝန် ဝတ္တရားများကို ဖြောင့်မတ် မှန်ကန်စွာဖြင့် ကိုယ်စွမ်းရှိ သရွေ ့၊ ဉာဏ်စွမ်း ရှိသရွေ့အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အား မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီ ကတိ သစ္စာ ခံယူပွဲ ၌ မိန့်ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီ ဝင်များအား ကတိ သစ္စာ ခံယူပွဲသို့ တက်ရောက်လာသော နိုင်ငံတော် အကြီးအကဲများနှင့် အတူ တွေ့ရစဉ် (ဆင်ဟွာ)

ထိုကတိ သစ္စာ ခံယူပွဲသို့ နိုင်ငံတော် သမ္မတ ၊ ဒုတိယ သမ္မတ နှစ်ဦး နှင့်အတူ ပြည်ထောင်စု အဆင့် အစိုးရ အဖွဲ့ဝင်များ ၊ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများမှ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

ယခု အစိုးရ တာဝန်ယူခဲ့သည့် ငါးနှစ်တာ ကာလအတွင်း စတုတ္ထ မဏ္ဍိုင်ဖြစ်သည့် မီဒီယာများနှင့် ပတ်သက်၍ စာပေ စိစစ်ရေး စနစ်ကို အပြီးတိုင် ဖျက်သိမ်းပေးခဲ့ခြင်း ၊ ခေတ်နှင့် လျှော်ညီသော သတင်းမီဒီယာ ဥပဒေ ၊ နည်းဥပဒေများကို လွတ်လပ်သော စာနယ်ဇင်း အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ရေးဆွဲ ပြဌာန်း ပေးနိုင်ခဲ့ခြင်း ၊ လွတ်လပ်ပြီး အမှီအခိုကင်းသည့် သတင်းမီဒီယာ ကောင်စီ တစ်ရပ်ကို ဖွဲ့စည်းပေးနိုင်ခဲ့ခြင်း တို့ကို ပြုလုပ်ခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များနှင့် အညီ ခေတ်နှင့် လျော်ညီသော သတင်း မီဒီယာ ဥပဒေကို ၂၀၁၄ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင်လည်းကောင်း ၊ နည်း ဥပဒေကို ၂၀၁၅ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် လည်းကောင်း ထုတ်ပြန် ပြဌာန်းခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.