Connect with us

Social

ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀) ပြည့်မွေးနေ့ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပ

ဗိုလ်ချုပ်နှစ်တစ်ရာပြည့် မွေးနေ့ပွဲတော်သို့လာရောက်လည်ပတ်သော ကလေးငယ်တစ်ဦးအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀) ပြည့် မွေးနေ့ အခမ်းအနားကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ဂုဏ်ပြုကျင်းပ ခဲ့ကြသည်။

ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀) ပြည့် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ သဘင်ဆောင်တွင် ပထမဆုံးအကြိမ်အဖြစ် (၁၀) ရက်နေ့တွင် ကျင်းခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်း ဆောင်ရွက်ချက် မှတ်တမ်းများ ပြသခြင်း၊ ပြည်ထောင်စု လွှတ်တော်နာယကနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့က အမှတ်တရမိန့်ခွန်း ပြောကြားခြင်း၊ နိုင်ငံရေးပါတီများနှင့် တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့တို့က ဗိုလ်ချုပ်အမှတ်တရ စာတမ်းများ ဖတ်ကြားခြင်းများ ၊ ဗိုလ်ချုပ်အမှတ်တရ ဂုဏ်ပြုတေးများဖြင့် ဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့သည်။

မွေးနေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်ဇာတိ ဖြစ်သော မကွေးတိုင်း နတ်မောက်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့်အထိမ်းအမှတ် ကျောက်စာမော်ကွန်းတိုင် ကိုလည်း သီတဂူဆရာတော်ကြီး နှင့် ဒေါ်အောင်ဆန်းစုကြည် တို့က ဖွင့်လှစ်ခဲ့ကြသည်။

နတ်မောက်မြို့တွင်ဗိုလ်ချုပ် နှစ် (၁၀၀) ပြည့် မွေးနေ့ အထိမ်းအမှတ်ကို ကြီးကျယ်ခမ်းနား လွတ်လပ်စွာ ကျင်းပပြီး ပြတိုက်အဖြစ် ပြုလုပ်ထားသည့် ဗိုလ်ချုပ်နေအိမ်သို့ လာရောက်လေ့လာသူ သောင်းနှင့် ချီ၍ရှိခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ကို သူ၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ ပြည်နယ်နှင့် တိုင်းအသီးသီးရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ လူမှုအဖွဲ့အစည်းများက ဦးဆောင်ပြီး ကျင်းပသည့်အပြင် လွှတ်တော်၊ မြန်မာ့တပ်မတော်နှင့် အခြားပါတီများမှလည်း ယခုနှစ်တွင် စည်ကားစွာ ကျင်းပခဲ့သည်။

ရန်ကုန်တက္ကသိုလ်ရှိ ဗိုလ်ချုပ်အောင်ဆန်း တက္ကသိုလ်ကျောင်းသားဘဝက နေထိုင်ခဲ့သည့် ပဲခူးဆောင်အဝင် လမ်းတလျှောက် တွင် တန်ဖိုးကြီး ရှားပါးဓာတ်ပုံများ ပြသထားပြီး၊ ဗိုလ်ချုပ် နေထိုင်ခဲ့သည့် အခန်းကိုလည်း ပြန်လည်မွမ်းမံ ပြင်ဆင်၍ လာရောက်လေ့လာ ကြည်ရှု့ခွင့် ပြုပေးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.