Connect with us

Social

YBS စနစ် အတွက် ဝယ်ယူထားသည့် ဘတ်(စ်)ကားသစ် ၁,၀၀၀ စင်းအား ရန်ကုန်တိုင်း ဒေသကြီး အစိုးရ ထံ လွှဲပြောင်းပေးအပ်

YBS စနစ် အတွက် ဝယ်ယူထားသည့် ဘတ်(စ်)ကားသစ်များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

YBS စနစ် အတွက် ဝယ်ယူထားသည့် ဘတ်(စ်)ကားသစ် များ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်း အချိန်တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး ဘတ်(စ်)ကားသစ်များ အတွက် အန္တရာယ်ကင်း ပရိတ်တရားတော် နာကြားခြင်း ကိုလည်း ပြုလုပ် ခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ ရန်ကုန်မြို့တော်ဝန် ဒေါက်တာ ဦးမောင်မောင်စိုး ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြင့်သောင်း ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ လျှပ်စစ် ၊ စက်မှုလက်မှု နှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော် ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် ၊ သံရုံးတာဝန်ရှိ ပုဂ္ဂိုလ်များ ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က နှုတ်ခွန်းဆက် စကား ပြောကြား နေစဉ်(ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ကျေးဇူးတင်စကား ပြောကြား နေစဉ်(ဆင်ဟွာ)

ဘတ်(စ်)ကားသစ် များ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

ဘတ်(စ်)ကားသစ် များ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

ဘတ်(စ်)ကားသစ် များ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် ယနေ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ ထံ ဘတ်(စ်)ကားသစ် အစင်း ၁,၀၀၀ လွှဲပြောင်း ပေးအပ်ခြင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ၏ အောင်မြင်မှုသစ် တစ်ခု ဖြစ်ကြောင်း ၊ ရန်ကုန်တိုင်း ဒေသကြီး တွင် ယခု နှစ်ဆန်းပိုင်းမှ စတင်၍ ဘတ်(စ်)ကားစနစ် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ခဲ့ရာ ကားအစင်းရေ မလုံလောက်မှု ဖြစ်ပွားခဲ့သည် ကို သိရှိခဲ့ရသဖြင့် မြန်မာ နိုင်ငံ ၏ အိမ်နီးချင်း မိတ်ဆွေ နိုင်ငံ အနေဖြင့် အသတ်နိုင်ဆုံး ကူညီဆောင်ရွက်မှုများကို ပြုလုပ်ပေးခဲ့ကြောင်း ၊ ရန်ကုန်မြို့၏ အရေးပေါ်လိုအပ်နေသော ကားအစင်းရေ ၁,၀၀၀ ကို သတ်မှတ်ချိန်အတွင်း ရန်ကုန်မြို့သို့ ရောက်ရှိအောင် ပို့ဆောင်ပေးခဲ့ကြောင်း ၊ တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ မှ ထုတ်လုပ်ပေးခဲ့သည့် ဘတ်(စ်)ကားသစ်များသည် ရန်ကုန်မြို့ ပြည်သူလူထု အတွက် ပိုမို အဆင်ပြေစေမည်ဖြစ်ပြီး ပြည်သူလူထု တို့မှ အကျိုးကျေးဇူး ခံစားရမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ကျေးဇူးတင်စကား ပြောကြားရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ စတင်တာဝန်ယူချိန် မှစ၍ ရန်ကုန်မြို့ ၏ အများပြည်သူ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု စနစ်ကောင်းမွန်ရန် ဆောင်ရွက်ခဲ့ကြောင်း ၊ ယခု ရောက်ရှိလာသည့် ကားများသည် မြန်မာ နိုင်ငံ အတွက် သီးခြား ထုတ်လုပ်ပေး ထားသည့် ကားများ ဖြစ်သောကြောင့် ပြည်သူလူထု ကို ဝန်ဆောင်မှု ပေးရာတွင် အကောင်ဆုံး ဝန်ဆောင်မှု ပေးနိုင်မည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အစိုးရ အကြား နားလည်မှု ဖြင့်ဝယ်ယူခဲ့သောကြောင့် ဘတ်(စ်)ကားသစ်များ အနေဖြင့် ဈေးနှုန်း သက်သာ ပြီး အရည်အသွေး ကောင်းမွန် ကြောင်း ၊ လုပ်ငန်းစဉ် ကြီးအောင်မြင်ရန် အတွက် အဓိက ကူညီဆောင်ရွက်ပေး ခဲ့သည့် တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် အား အထူးကျေးဇူး တင်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့နောက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာသော ဘတ်(စ်)ကား သစ်များအတွက် ရဟန်းသံဃာ တို့မှ အန္တရာယ်ကင်း ပရိတ်တရားတော် နာကြားပေးခဲ့ပြီး အခမ်းအနား ပြီးဆုံးကြောင်း ကြေညာ ခဲ့သည်။

ယခု ရန်ကုန်မြို့သို့ ရောက်ရှိလာသော ဘတ်(စ်)ကား သစ်များသည် YUTONG နှင့် ANKAI ကားထုတ်လုပ်ရေး ကုမ္ပဏီ တို့မှ ထုတ်လုပ်ခဲ့သည့် ကားဖြစ်ပြီး ကားများသည် မြန်မာ နိုင်ငံ ရာသီဥတု အခြေအနေ နှင့် သက်ဆိုင်ရာ အချက်အလက် အသီးသီး နှင့် ကိုက်ညီအောင် သီသန့်ထုတ်လုပ်ပေး ခဲ့သည့် ကားသစ်များ ဖြစ်ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.