Connect with us

Social

မူဆယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်

မူဆယ်မြို့အ၀င် ဆိုင်းဘုတ်အား တွေ့ရစဉ်(ဓာတ်ပုံ- အင်တာနက်)

ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း၌ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပိတ်ထားရသော ကျောင်းများ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ကျောင်းများအနက် အခြေခံပညာကျောင်း ၃၂ ကျောင်းကို နိုဝင်ဘာ ၃၀ ရက်က ပုံမှန်အခြေအနေအတိုင်း ပြန်လည်ဖွင့်လှစ်လျက်ရှိပြီး မူလစာရင်းရှိကျောင်းသား ၁၂၇၅၂ ဦးရှိသည့်အနက် ယခုအခါ ၁၀၉၈၂ ဦး ပြန်လည်တက်ရောက်ရှိကြောင်းနှင့် ရာခိုင်နှုန်းအားဖြင့် ၈၆ ဒသမ ၁၂ ရာခိုင်နှုန်းရှိကြောင်းသိရသည်။ပစ်ခတ်တိုက် ခိုက်မှုများကြောင့် အခြေခံအထက်တန်းကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း နှင့် အခြေခံပညာမူလတန်းကျောင်း စုစုပေါင်း ၉၈ ကျောင်းအား နိုဝင်ဘာ ၂၀ ရက်က ခေတ္တပိတ်ထားခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.