Connect with us

Social

မဟာသြင်္ကန် စီးပွားဖြစ် ရေကစားမဏ္ဍပ် ဆောက်လုပ် ခွင့်အတွက် စိစစ်ခွင့်ပြုပေးမည်

ဗဟိုမဏ္ဍပ်ရှေ့တွင် အက၊ အလှများဖြင့်ဖျော်ဖြေနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့၌ ၂ဝ၁၇ ခုနှစ် မဟာသြင်္ကန်တွင် စီးပွားဖြစ် ရေကစားမဏ္ဍပ် ဆောက်လုပ် ခွင့်အတွက် စိစစ်ခွင့်ပြုပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့ ၂ဝ၁၇ ခုနှစ် မဟာသြင်္ကန်ပွဲတော် ကျင်းပရေး ၊ မဏ္ဍပ်နေရာချထားရေးနှင့် ကြံ့ခိုင်မှုစစ်ဆေးရေး လုပ်ငန်းကော်မတီမှ သိရသည်။

ရန်ကုန်မြို့နှင့်အဆင်ပြေမည့် မဏ္ဍပ်ဆောက်လုပ်ရန် အရေအတွက်ကို တင်ပြလာသည့် လျှောက်လွှာများပေါ် မူတည်၍ မဏ္ဍပ်နေရာ ချထားရေးနှင့် ကြံ့ခိုင်မှုစစ်ဆေးရေး ကော်မတီက စိစစ်ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

စီးပွားဖြစ်ရေကစားမဏ္ဍပ် လျှောက်ထားမှုများကို မဏ္ဍပ်နေရာ ချထားရေးနှင့် ကြံ့ခိုင်မှု စစ်ဆေးရေး ကော်မတီအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်သည့် ရန်ကုန်တိုင်းဒေသကြီး အဆင့် ၁၃၇၈ခုနှစ် ရိုးရာမဟာသြင်္ကန်ပွဲတော် ကျင်းပရေး ဦးစီးကော်မတီထံ တင်ပြပြီး ခွင့်ပြုချက်ဖြင့်သာ ဆောက်လုပ်ခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

စီးပွားဖြစ်မဟုတ်သော ရေကစားမဏ္ဍပ် ဆောက်လုပ်လိုသူများ အနေဖြင့် လိုက်နာရမည့် စည်းကမ်းချက် ၄၅ ခုကိုထုတ်ပြန်ထားပြီး စီးပွားဖြစ် ရေကစားမဏ္ဍပ် ဆောက်လုပ်သူများအတွက် လိုက်နာရမည့် စည်းကမ်းချက်များကို ထပ်မံထုတ်ပြန်မည် ဖြစ်ကြောင်း သိရသည်။

ရေကစားမဏ္ဍပ် ဆောက်လုပ်မှုနှင့် ပတ်သက်၍ မဏ္ဍပ်အကြီးအတွက် အကျယ်ပေ ၁ဝဝ မှ ပေ ၁၂ဝ၊ မဏ္ဍပ်အလတ်အတွက် အကျယ်ပေ ၅ဝ မှ ၉၉ ပေနှင့် ပေ ၅ဝ အောက်ကို မဏ္ဍပ်အသေးအဖြစ် ကော်မတီက သတ်မှတ်ပေးထားပြီး သတ်မှတ်အတိုင်းအတာထက် ပိုမိုဆောက်လုပ်ပါက တစ်ပေလျှင် ဒဏ်ငွေကျပ် ၁ဝ သိန်း ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

၂ဝ၁၇ ခုနှစ် မဟာသြင်္ကန်တွင် စီးပွားဖြစ် မဏ္ဍပ်မဟုတ်သည့် မဏ္ဍပ်များအတွက် မဏ္ဍပ်ဆောက်လုပ်ခွင့် ပြုရန်နေရာ ၂၁ ခု လျာထားပြီး မဏ္ဍပ်အကြီးနှင့် အလတ်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တွင် လျှောက်ထားနိုင်မည်ဖြစ်ကာ မဏ္ဍပ်အသေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် လျှောက်ထားနိုင်မည်ဖြစ်ကြောင်းပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.