Connect with us

Social

မြစ်ကြောင်း တစ်လျှောက် ပြည်တွင်းသွား အပျော်စီး သင်္ဘောများဖြင့် လည်ပတ်ခြင်း ခရီးစဉ်ကို နိုင်ငံခြား ခရီးသွား ဧည့်သည်များ ပိုမို စိတ်ဝင်စားမှု များလာ

မြစ်တွင်းအပျော်စီးသဘောၤအားမြင်တွေ့ရစဉ် (ဓာတ်ပုံ--မြဝတီ)

ရန်ကုန်၊ဖေဖော်ဝါရီ၂၈ရက်(ဆင်ဟွာ)

ဧရာဝတီနှင့် ချင်းတွင်း မြစ်ကြောင်း တစ်လျှောက် ပြည်တွင်းသွား အပျော်စီး သင်္ဘောများဖြင့် လည်ပတ်ခြင်း ခရီးစဉ်ကို နိုင်ငံခြား ခရီးသွား ဧည့်သည်များ ပိုမို စိတ်ဝင်စားမှု များလာကြောင်း ပြည်တွင်း ခရီးသွား ကုမ္ပဏီတချို့အား မေးမြန်းချက်အရသိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ ကြီးကြပ်၍ ကုမ္ပဏီများ၏ စီစဉ်ဆောင်ရွက် မှုဖြင့် ဗြိတိန်၊ ဂျာမနီ၊ ဂျော်ဂျီယာနှင့် သြစတြေးလျ နိုင်ငံသားများ အများဆုံး လာရောက် လည်ပတ် ကြသည့် မန္တလေး၊ မုံရွာ၊
ဖိုလ်ဝင်တောင်၊ မုံရွာ- ရွှေစာရေး- ကနီ- ကြည်တောင်ဦး- ကလေးဝ- ဂဇက်ရွာ- မစိန်ရွာ- မော်လိုက်- ပျားစွဲဆင်စခန်း ခရီးစဉ်များကို RV Kalay Pandaw ရေယာဉ်ဖြင့် လည်ပတ် ကြကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံခြား ခရီးသွား ဧည့်သည်များသည် မန္တလေးမြို့ မှတစ်ဆင့် ဧရာဝတီမြစ်ကြောင်း တစ်လျှောက် အလှအပများကို ခံစားပြီး စစ်ကိုင်း၊ မင်းကွန်း၊ ပုဂံနှင့် ဗန်းမော် စသည့် ဒေသတို့သို့ အပျော်စီး သင်္ဘော ခရီးစဉ်များဖြင့် သွားရောက် လည်ပတ်ခြင်းကို အထူး စိတ်ဝင်စား ကြကြောင်း၊ မြစ်ကြောင်း တစ်လျှောက် နေထိုင်ကြသော ဒေသခံများ၏ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ၊ သဘာဝ ရှုခင်းများ၊ ရိုးရာဓလေ့ စရိုက်နှင့် နေထိုင်မှုပုံစံ တို့ကို စိတ်ဝင်တစား လေ့လာကြောင်း ဟိုတယ် နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဧရာဝတီမြစ်ကြောင်း တစ်လျှောက် အပျော်စီး သင်္ဘောခရီးစဉ်များ စီစဉ်ပြေးဆွဲ ပေးနေသော မြန်မာနိုင်ငံသားပိုင် Irrawaddy Princess River Cruise သင်္ဘောကုမ္ပဏီ ၏ သုံးစင်းမြောက် သင်္ဘောသစ် ဖြစ်သော Princess Royal အပျော်စီး သင်္ဘောမှာ မန္တလေး-ပုဂံ နှစ်ညအိပ် သုံးရက်ခရီးစဉ် နှင့် ပုဂံ-မန္တလေး နှစ်ညအိပ် သုံးရက်ခရီးစဉ် များအား ပြေးဆွဲပေးလျက် ရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.