Connect with us

Social

တတိယအကြိမ် မြန်မာနိုင်ငံစာကြည့်တိုက်မှူးများညီလာခံဒုတိယနေ့ဆက်လက်ကျင်းပ

စာကြည့်တိုက်မှူးညီလာခံ ဒုတိယနေ့ ကျင်းပစဉ်( ဓာတ်ပုံ--M.O.I)

ရန်ကုန်၊ဖေဖော်ဝါရီ၂၈ရက်(ဆင်ဟွာ)

တတိယအကြိမ် မြန်မာနိုင်ငံစာကြည့်တိုက်မှူးများညီလာခံ ဒုတိယနေ့ ကို ယနေ့ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)တွင်ဆက်လက်ကျင်းပခဲ့သည်။

၎င်းညီလာခံအား ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းတို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ဗဟိုအလုပ် အမှုဆောင် ဦးမောင်မောင်ဦး(ဟိန်းလတ်)နှင့် စာကြည့်တိုက်ပညာရှင် ဆရာမောင် ဦးဇော်အောင်ထွတ် (ကထိက) ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်နှင့် သုတပညာဌာန တို့က “ရည်ညွှန်းလုပ်ငန်းနှင့် မြန်မာ့ရည်ညွှန်းစာအုပ်များ၏ အခန်းကဏ္ဍ”စာတမ်း၊ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင် ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)နှင့် မြန်မာနိုင်ငံစာကြည့်တိုက် များဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင် ဒေါ်ချိုချိုတင် (ဆရာမ မစန္ဒာ)တို့က “စာဖတ်ရှိန်မြှင့်တင် ရေးနှင့် စာကြည့်တိုက်များ၏ အခန်းကဏ္ဍ”စာတမ်း၊ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင် ဒေါ်အိကေသွယ်မင်းနှင့် ရန်ကုန်တက္ကသိုလ်၊ စာကြည့်တိုက်နှင့် သုတပညာ ဌာနမှ ကထိကဦးထွန်းအောင်ကျော်တို့က “ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၏ အခန်းကဏ္ဍ” စာတမ်းနှင့် ဗြိတိသျှကောင်စီစာကြည့်တိုက်မှ စာကြည့်တိုက်တာဝန်ခံ ဒေါ်မိုးမိုးစိုးက “စာကြည့်တိုက်နှင့် ပြည်သူလူထု၏အခန်းကဏ္ဍ”စာတမ်းတို့ကို ဖတ်ကြားဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည် (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.