Connect with us

Social

လှိုင်သာယာ ၊ သန်လျင်-ကျောက်တန်း မြို့နယ်များတွင် တန်ဖိုးသင့် ၊ တန်ဖိုးနည်း အိမ်ရာ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည်

အိမ်ရာ စီမံကိန်းများ ဆောင်ရွက်ရန် တင်ဒါ ခေါ်ယူသည့် ကြေညာချက်အား တွေ့ရစဉ်(ဓာတ်ပုံ- Ministry of Construction)

ရန်ကုန် ၊ စက်တင်ဘာ ၁၄ ရက်(ဆင်ဟွာ)

တန်ဖိုးသင့် ၊ တန်ဖိုးနည်း အိမ်ရာစီမံကိန်းများအား လှိုင်သာယာ မြို့နယ် ၊ သန်လျင်-ကျောက်တန်း မြို့နယ် များရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန မှ စီမံခန့်ခွဲလျှက်ရှိသော နေရာများတွင် အကောင်အထည်ဖော် ဆောင်ရွက်ရန် အဆိုပြု တင်ဒါများအား ဆောက်လုပ်ရေး ဝန်ကြီးဌာန ၊ မြိုပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ခေါ်ယူထားကြောင်း သိရသည်။

တန်ဖိုးသင့် ၊ တန်ဖိုးနည်း အိမ်ရာစီမံကိန်းများအား လှိုင်သာယာမြို့နယ် ၊ ကျန်စစ်မင်းအိမ်ရာစီမံကိန်း အပိုင်း(၂)ရှိ ၊ မြေဧရိယာ( ၂၃ )ဧကခန့်တွင် တန်ဖိုးသင့်အိမ်ရာ အဆောက်အဦများ ဆောက်လုပ်ခြင်း ၊ သန်လျင်-ကျောက်တန်း မြို့နယ် ၊ သီလဝါ အထူးစီးပွားရေးဇုန် အထောက်အကူပြု လူနေ မြေကွက် ( ၅၈၈ )ကွက်ရှိ မြေဧရိယာ ( ၃၁ ) ဧက ပေါ်တွင် တန်ဖိုးနည်းအိမ်ရာ အဆောက်အဦများ ဆောက်လုပ်ခြင်း တို့ဖြစ်ကြောင်း သိရသည်။
နိုင်ငံသားဆောက်လုပ်ရေးလုပ်ငန်းရှင်များ အနေဖြင့် လုပ်ငန်း ဆိုင်ရာ အဆိုပြု လွှာများကို စက်တင်ဘာလ ၃၀ ရက် နောက်ဆုံးထား၍ ပေးပို့သွားရန် အဆိုပြု တင်ဒါခေါ်ယူ ထားပြီး တင်ဒါ စည်းကမ်းချက်များ ၊ စီမံကိန်း တည်နေရာပြ မြေပုံနှင့် အဆောက်အဦဒီဇိုင်း များ ၊ အဆိုပြုလွှာတွင် ပါဝင်ရမည့် အချက်အလက်များကို ဝယ်ယူ၍ တင်ဒါစည်းကမ်း ချက်များနှင့်အညီ အိပ်ဖွင့် တင်ဒါ အဆိုပြုလွှာ တင်သွင်းကြရမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.