Connect with us

Social

မြန်မာနိုင်ငံ အပါအဝင် မဲခေါင်မြစ် တစ်လျှောက် နိုင်ငံများခရီးစဉ် လုပ်ဆောင် သွားရန်ရှိ

မဲခေါင်မြစ်အား မြင်တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အပါအဝင် မဲခေါင်မြစ် တစ်လျှောက် နိုင်ငံများခရီးစဉ် လုပ်ဆောင် သွားရန်ရှိရာ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း (UMTA) မှ သိရသည်။

ဗီယက်နမ်နိုင်ငံမှ အစိုးရအဖွဲ့အစည်းက ပုဂ္ဂလိက လုပ်ငန်းရှင်များကို ဖိတ်ခေါ်ကာ အဆိုပါ ခရီးစဉ်ကို လုပ်ဆောင်မည်ဖြစ်ပြီး မဲခေါင်မြစ် တစ်လျှောက်နိုင်ငံများ ခရီးစဉ်အတွက် ဗီယက်နမ်နိုင်ငံမှ တာဝန်ရှိ သူများသည် ဖေဖော်ဝါရီလ အတွင်း သက်ဆိုင်ရာ နိုင်ငံများသို့ သွားရောက်ကာ ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်ကို လုပ်ဆောင်ရန် ဗီယက်နမ်နိုင်ငံ မှ ဦးဆောင် စီစဉ်နေခြင်းဖြစ်ပြီး မဲခေါင်မြစ် တစ်လျှောက် နိုင်ငံများ ဖြစ်သော မြန်မာ၊ လာအို၊ ကမ္ဘောဒီ:ယား၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံတို့ စုပေါင်း လုပ်ဆောင်မည်ဖြစ်ကာ ခရီးစဉ် နှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲကို ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလက ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် မဲခေါင်မြစ်ကို ပိုင်ဆိုင်သော ဧရိယာသည် ၂ဝဝ ကီလိုမီတာ ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.