Connect with us

Social

ဦးသန့်နေအိမ်ကို ပြတိုက်အဖြစ် သာမက ဆွေးနွေးနိုင်သည့် နေရာတစ်ခု အဖြစ် ထားရှိသွားမည်

ဦးသန့်နေအိမ်အားမြင်တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီး ကမာရွတ်မြို့နယ် ပန်းဝါလမ်းရှိ ဦးသန့်နေအိမ်ကို ပြတိုက် အဖြစ်သာမက ဦးသန့်၏ ဘဝတစ်လျှောက် လုပ်ဆောင်ချက်များနှင့် ပတ်သက်သမျှကို ဆွေးနွေးနိုင်သည့် နေရာ တစ်ခုအဖြစ် ထားရှိသွားမည် ဖြစ်ကြောင်း ဦးသန့် နေအိမ်အဖွဲ့ မှ တွဲဖက် ဥက္ကဋ္ဌ ဒေါက်တာ သန်းမြင့်ဦးက ပြောသည်။

ဦးသန့်၏ ဘဝတစ်လျှောက် လုပ်ဆောင်ချက်များ၊ ဦးသန့်၏ အရေးကိစ္စများနှင့် ပတ်သက်၍ ဗဟုသုတရဖွယ် ကိစ္စများအား ဆွေးနွေး ပြောဆိုနိုင်မည့် နေရာအဖြစ် ဆက်လက် တည်ရှိနိုင်မှာ ဖြစ်ကြောင်း ဆိုသည်။

ယင်းအိမ်သည် ဦးသန့်နေထိုင်ခဲ့ရာ အိမ်ဖြစ်သကဲ့သို့ ပြန်လည် ထိန်းသိမ်း ပြုပြင်မှု လုပ်ငန်းများကိုလည်း ပြီးခဲ့သည့် သုံးနှစ်ခန့်မှ စ၍ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း၊ ကမ္ဘာ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဖြစ်ခဲ့သူ ဦးသန့်သည် ၁၉၀၉ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်တွင် မွေးဖွားခဲ့ပြီး ၎င်းနေထိုင်ခဲ့ရာ နေအိမ် ပြတိုက်၌ ဇန်နဝါရီလ ၂၄ ရက်တွင် ဦးသန့် မွေးနေ့ အထိမ်းအမှတ်အဖြစ် အောက်မေ့ သတိရဖွယ် အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117