Connect with us

Social

ရခိုင်ပြည်နယ်အတွင်း အသက်မွေးဝမ်းကျောင်း နှင့် ဆောလျင်စွာ ပြန်လည် ထူထောင်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ ငါးသန်းကို ကူညီပံ့ပိုးသွားမည်ဟု အမေရိကန် သံရုံး ကြေညာ

ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံများ၏ လူနေမှု မြင်ကွင်း (ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် အတွင်း ပဋိပက္ခ ဘေးသင့် လူမှု အသိုက်အဝန်းများ ၊ နေရပ်ပြောင်းရွှေ့ ဒုက္ခသည်များနှင့် ဆင်းရဲ နွမ်းပါးသူ များအတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် ဆောလျင်စွာ ပြန်လည် ထူထောင်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အမေရိကန် ဒေါ်လာ ငါးသန်းကို ကူညီ ပံ့ပိုးသွားမည် ဖြစ်ကြောင်း အမေရိကန် သံရုံးမှ ထုတ်ပြန် ကြေညာခဲ့သည်။

ထိုလုပ်ငန်း အစီအစဉ် ဆောင်ရွက် လာနိုင်သည်နှင့်အမျှ အိမ်ထောင်စု ၉,၀၀၀ သို့မဟုတ် လူဦးရေ ၄၅,၀၀၀ ခန့်သည် အခြေခံ ဝန်ဆောင်မှုများ၊ ဈေးကွက်၊ အခြေခံ အဆောက်အအုံ နှင့် စီးပွားရေး အခွင့်အလမ်းများကို ပိုမိုလက်လှမ်းမှီ လာမည်ကို မြင်တွေ့ရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117