Connect with us

Social

မြဝတီမြို့နှင့် ကော့သောင်းမြို့ တို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား(၁၆၈)ဦး ပြန်လည်ရောက်ရှိ

ပြန်လည်ရောက်ရှိလာသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအားတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

မြဝတီမြို့နှင့် ကော့သောင်းမြို့ တို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား(၁၆၈)ဦး ပြန်လည်ရောက်ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့ ၀၉း၀၀ အချိန်မှ ၁၈း၀၀ အချိန်ထိ မြဝတီမြို့၊ အမှတ်(၁) ချစ်ကြည်ရေးတံတားမှ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၄၆ ဦး(ကျား ၇၈၊ မ ၆၈)၊ ကော့သောင်းမြို့ မြို့မတံတားမှ ၂၂ ဦး(ကျား ၁၇၊မ ၅)၊ ပေါင်း ၁၆၈ ဦး(ကျား ၉၅၊မ ၇၃)တို့ ပြန်လည်ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

အဆိုပါပြန်လည်ဝင်ရောက်လာသူများထံမှ ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ အစွန်းရောက်အကြမ်းဖက်သမားများ၊ မူးယစ်ဆေးဝါး၊ လက်နက်/ခဲယမ်းများ၊ တရားခံပြေးများ၊ ဘင်္ဂါလီကုလားများ၊ ငွေစက္ကူအတုပြုလုပ်သူများနှင့် ငွေစက္ကူအတုများ ပါလာခြင်းမရှိစေရေး အုပ်ချုပ်ရေးအဖွဲ့များ၊ လဝက၊ နယ်မြေခံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊သတင်းရဲတပ်ဖွဲ့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ခစတတို့ပါ ပူးပေါင်းအဖွဲ့များမှ စိစစ်ရှာဖွေခြင်း၊ စားစရာ၊ ရေနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ၎င်းတို့မှာ နေရပ်အသီးသီးသို့ ပြန်လည် ထွက်ခွာသွားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.