Connect with us

Social

မြဝတီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့တို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၉၃ ဦး ပြန်လည်ရောက်ရှိ

မြဝတီမြို့ အမှတ်(၁)ချစ်ကြည်ရေးတံတားမှ ပြန်လည်ရောက်ရှိလာသည့် ရွှေ့ပြောင်းလုပ်သားများအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

မြဝတီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့တို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၉၃ ဦး ပြန်လည်ရောက်ရှိ လာခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ ၀၉း၀၀နာရီ အချိန်မှ ၁၈း၀၀ နာရီ အချိန်ထိ မြဝတီမြို့ အမှတ်(၁)ချစ်ကြည်ရေးတံတားမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၆၂ ဦး(ကျား ၂၈၂၊မ ၈၀)၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့မှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၁ ဦး(ကျား ၁၀၊မ ၂၁)၊ မြန်မာရွှေ့ပြောင်းအလုပ်သမားပေါင်း ၃၉၃ ဦး (ကျား ၂၉၂၊မ ၁၀၁)တို့ သည် မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အက်ဥပဒေပြင်ဆင် ပြောင်းလဲမှုကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၅၇,၂၂၈ ဦး(ကျား ၈၉,၆၆၇၊ မ ၆၇,၅၆၁)တို့ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.