Connect with us

Social

ဈေးများကို ခေတ်မီအဆင့်မြင့်ဈေးများဖြစ်ရန်ဆောင်ရွက်လျက်ရှိ၊ ပထမအဆင့် ဆောင်ရွက်ရန် ဈေးများစာရင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်မှ လှိုင်ရတနာဈေး ပါဝင်

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးအားတွေ့ရစဉ် (ဓာတ်ပုံ--YRG)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ရက် (ဆင်ဟွာ)

ဈေးများကို ခေတ်မီအဆင့်မြင့်ဈေးများဖြစ်ရန် စီမံဆောင်ရွက် လျက်ရှိရာ ပထမအဆင့် ဆောင်ရွက်ရန် ဈေးများစာရင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် ရှိ လှိုင်ရတနာဈေး ပါဝင်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

လှိုင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးက မြို့ပြအင်္ဂါရပ်နှင့် ညီညွတ်စေရန် အတွက် လှိုင်ရတနာ ဈေးအား အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုကြောင်းကို ယနေ့ ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် မေးမြန်းခဲ့ရာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ လမ်းညွှန်ချက်ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ကွပ်ကဲမှု အောက်တွင် ရှိသော ဈေးများကို ခေတ်မီ အဆင့်မြင့်ဈေးများ ဖြစ်လာစေရန်အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ PPP (Public Private Partnership) (သို့မဟုတ်) BOT စနစ် တို့ဖြင့် တည်ဆောက်ပြီး Market Operator စနစ်ဖြင့် အကောင်အထည် ဖော်ရန် စီမံဆောင်ရွက် လျက်ရှိရာ ပထမအဆင့် ဆောင်ရွက်ရန် ဈေးများစာရင်းတွင် လှိုင်မြို့နယ်မှ လှိုင်ရတနာဈေး ပါဝင်ပါတယ်။” ဟု ပြောကြားခဲ့သည်။

ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော၊် အဌမပုံမှန် အစည်းအဝေး၊ နဝမနေ့ ကို ယနေ့ နံနက် ၁၀နာရီတွင် ကျင်းပခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.