Connect with us

Social

ရန်ကုန်မြို့တော်အတွင်းရှိ လမ်းဘေးဈေးဆိုင်များ မြေနေရာရောင်းချမှုများကို စည်ပင်သာယာရေး ကော်မတီအနေဖြင့် ခွင့်မပြုဟု သတိပေးချက် ထုတ်ပြန်

ရန်ကုန်မြို့တွင်းရှိ လမ်းဘေးဈေးဆိုင်တစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ- အင်တာနက်)

ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တော်အတွင်းရှိ လမ်းဘေးဈေးဆိုင်များသည် မြေနေရာရောင်းချမှုများပြုလုပ်နေမှုကို စည်ပင်သာ ယာရေးကော်မတီအနေဖြင့် ခွင့်မပြုကြောင်း သတိပေးချက်ကို ထုတ်ပြန်ကြေညာလိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ယင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင်မြေပေါ်တွင် လမ်းဘေးဈေးဆိုင် နေရာများအား အရောင်းအဝယ်ပြုလုပ်နေမှုများရှိနေသဖြင့် ယင်းအရောင်းအဝယ်ကို ခွင့်မပြုကြောင်း ၊ စည်ပင်သာယာမြေနေရာများသည် အများပြည်သူပိုင်ဆိုင်သော မြေနေရာဖြစ်ပြီး အရောင်းအဝယ်ပြုလုပ် ပိုင်ခွင့်မရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ အရောင်းအဝယ်ပြုလုပ်မှုနှင့် ပတ်သက်ပြီး ရန်ကုန်မြို့၏ အချက်အချာကျသော မြို့နယ်များဖြစ်သော ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာနှင့် လမ်းမတော်မြို့နယ်များတွင် သတိပေးစာများ ကပ်ထားကြောင်း၊ ပထမဆုံးအနေဖြင့် သတိပေးစာဖြင့် သတိပေးထားပြီး မဖယ်ရှားလျှင် နောက်ဆက်တွဲ အစီအစဉ်များဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ လမ်းနှင့် လူသွားစြင်္ကံများသည် အများပြည်သူဆိုင်ရာ နေရာများဖြစ်သဖြင့် မည်သူကိုမျှ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်၊ လုပ်ပိုင်ခွင့် ပေးမထားသောကြောင့် မည်သည့် အကြောင်းပြချက်မျိုးဖြင့် ငှားရမ်းခွင့်၊ ရောင်းချခွင့် မရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက သြဂုတ်လ ၁၇ ရက်နေ့တွင် စတင်ကာ၎င်း မြို့နယ် ၄မြို့နယ်တွင် အဆိုပါ သတိပေး စာများ လိုက်လံ ကပ်ထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.