Connect with us

Social

မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ဖြစ်ရေးလုပ်ငန်းဆောင်ရွက်မှု သုတေသနပြုလျက်ရှိ

မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေအားတွေ့ရစဉ် (ဓာတ်ပုံ--မြဝတီ)

ရန်ကုန်၊ မတ် ၁ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ယူနက်စကို ၏ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ဖြစ်ရေးလုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်ကို ကွင်း ဆင်းသုတေသနများပြုလုပ်လျက်ရှိရာ ၂ဝ၁၉ ခုနှစ်အလွန်ကို ရည်မှန်းချက် ထားဆောင်ရွက်နေကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီး ဌာန(မြောက်ဦးဌာနခွဲ)မှ သိရသည်။

မြောက်ဦးမြို့ကို ခံတပ်မြို့အဖြစ်ရှိနေခဲ့သည့်အနေအထားများ၊ သမိုင်းမှတ်တမ်းများ၊လက်ရှိဖြစ်ပွားနေသည့် မြောက်ဦးမြို့၏အခြေအနေများအပါအဝင် ရှေးဟောင်း အဆောက်အအုံများနှင့် ပတ်သက်သည့် အချက်အလက်များကို ကောက်ယူနေကြောင်း သိရသည်။

မြောက်ဦးမြို့ကို ဘုရားပုထိုးစေတီများ၊ခံတပ်ဟောင်းများ၊ ကျုံးများ၊ တံတိုင်းအဆင့်ဆင့်ကာရံထားကာ ခံတပ်မြို့အဖြစ်တည်ဆောက်ခဲ့ကြောင်း သိရသည်။မြောက်ဦးမြို့ အား ယူနက်စကို ၏ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ဝင်ရေးအတွက် ပထမဆုံးအကြိမ်အစည်းအဝေးကို ၂ဝ၁၇ခုနှစ် မေ ၁၇ ရက်တွင် မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ UNESCO မှတာဝန်ရှိသူများ၊ ရှေးဟောင်းနှင့်သုတေသနဌာနမှ ညွှန်ကြားရေးမှူးများ၊ သမိုင်းပညာရှင်များတက်ရောက်ဆွေးနွေးပြီး လုပ်ငန်းများစတင် အကောင်အထည် ဖော်ဆောင်နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.