Connect with us

Social

ရှမ်းပြည်နယ်၊ တာချီလိတ် နယ်စပ်ဝင်/ထွက်ပေါက်မှတစ်ဆင့် နှစ်ပတ်အတွင်းလာရောက်လည်ပတ်ကြသည့်လည်ပတ်သည့် နိုင်ငံခြားသား ၅၀,၀၀၀ ကျော်ရှိ

တာချီလိတ် နယ်စပ်ဝင်/ထွက်ပေါက်မှတစ်ဆင့်လည်ပတ်သည့်နိုင်ငံခြားသားဧည့်သည်တစ်ချို့အားတွေ့ရစဉ် (ဓာတ်ပုံ-- ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်မှ အောက်တိုဘာလ (၁၇) ရက်အထိ ရှမ်းပြည်နယ်၊ တာချီလိတ် နယ်စပ်ဝင်/ထွက်ပေါက်မှတစ်ဆင့် ညအိပ်/နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် ထိုင်း နိုင်ငံသား (၅၀,၉၂၇) ဦးနှင့် အခြားနိုင်ငံများမှ နိုင်ငံခြားသား ခရီးသွား ဧည့်သည် (၁,၁၀၆) ဦး၊ လန့်တောင်း နေ့ချင်းပြန်ခရီးစဉ် ထိုင်းနိုင်ငံသား(၁၀)ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ်အနေဖြင့် ထိုင်းနိုင်ငံသားအများစု ပါဝင်သော အခြားနိုင်ငံများမှ ကမ္ဘာလှည့်ခရီးသည် (၇၂၂) ဦး၊ ပြည်တွင်းခရီးစဉ်သို့ လာရောက်လည်ပတ် ကြသည့် နိုင်ငံခြားသားခရီးသွားဧည့်သည် (၁,၉၆၀) ဦးရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။

နေ့ချင်းပြန်ခရီးစဉ်အဖြစ် တာချီလိတ်မြို့ရှိ တာလော့ဈေး၊ ဘုရင့် နောင်ရုပ်တု၊ မဟာမြတ်မုနိ ဘုရားကြီး၊ ဝမ်ကောင်းဈေး၊ ကိုးမြို့ရှင် နတ်နန်း၊ ရွှေတိဂုံစေတီတော်၊ မြို့လယ်ဓမ္မာရုံ၊ ပဒေါင်ကျေးရွာ၊ နဂါးနှစ် ကောင် ဆရာတော်ကျောင်း၊ ကွမ်ရင်မယ်တော်နှင့် တရုတ်ဘုံ ကျောင်း၊ ကျောက်တန်းဈေးများသို့ သွားရောက်လည်ပတ်ကြပြီး လန့်တောင်း နေ့ချင်းပြန်ခရီးစဉ်အဖြစ် မိုင်းလင်းဆရာတော်ကျောင်း၊ ရှေးဟောင်း တန်ခိုးကြီးစေတီပုထိုးများ၊ ရှမ်း၊ အာခါ၊ လားဟူစသည့် တိုင်းရင်းသား ကျေးရွာများသို့ လေ့လာလည်ပတ်ကြကြောင်း သိရသည်။ 

ညအိပ်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် မိုင်း ဖြတ်မြို့ရှိ မြတ်စွာဘုရား ခြေတော်ရာ စေတီ၊ ဈေးတန်းကြီးဘုန်းကြီးကျောင်း၊ သမိုင်းဝင်ဆုတောင်းပြည့် ဆံတော်ရှင်၊ ကျိုင်းတုံမြို့အဝင် ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့ရှိ မဟာမြတ် မုနိဘုရား၊ ဟိုခုံကျောင်း၊ မြဘုရားကျောင်း၊ ကျိုင်းရင်းဘုန်းကြီးကျောင်း၊ ဝပ်အင်းကျောင်း၊ စွန်တောင်းစေတီ၊ ကျော့မ်ဆရီစေတီ၊ ရမ်းကုန်း ဘုန်းကြီးကျောင်း၊ ပါလျန်ကျောင်း၊ ရပ်တော်မူဘုရားကြီး၊ သစ်တစ်ပင်တောင်၊ ကမ္ဘာအေး စေတီ၊ စံပြယန်းလောကျေးရွာ၊ ကတ်တောင်ကျေးရွာအနီးရှိ ကိုးထပ်ရေတံခွန်စသည့် အထင်ကရနေရာ များသို့ သွားရောက်လည်ပတ်ခဲ့ကြပြီး တာချီလိတ်မြို့မှ လေကြောင်းဖြင့် တိုက်ရိုက်ပျံသန်းသည့် ဟဲဟိုး- ရန်ကုန်- မန္တလေး- မြစ်ကြီးနား- လားရှိုးမြို့များမှ တဆင့် မြန်မာနိုင်ငံအတွင်းပိုင်းရှိ ခရီးစဉ်များအား ဝင်ရောက်လည်ပတ်ခဲ့ကြကြောင်း သိရသည်။ 

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလ (၁၇) ရက်အထိ မြဝတီ၊ တမူးနယ်စပ် ဝင်ပေါက်များမှ ဝင်ရောက်ပြီး တာချီလိတ်နယ်စပ်မှ တဆင့် ထိုင်းနိုင်ငံသို့ ထွက်ခွာသည့်ခရီးစဉ် ဆောင်ရွက်မှုအနေဖြင့် ခရီးစဉ် (၄၄) ခု၊ မော်တော်ယာဉ် (၁၃၉) စီး၊ မော်တော်ဆိုင်ကယ် (၁၄၃) စီး၊ လူဦးရေ (၄၇၄) ဦးတို့ အသီးသီးဝင်/ထွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.