Connect with us

Social

လူလတ်တန်းစားများအတွက် ပထမဆုံး တန်ဖိုးသင့် အိမ်ယာ မန္တလေးတွင် ဆောက်မည်

Garden City Apartment Complex တည်ဆောက်မှုအကြောင်း Mandalay Garden City Construction Co., Ltd. ၏ ဒါရိုက်တာ ဦးဇင်မင်းဆွေက ရှင်းလင်း ပြောကြားစဉ် (ဆင်ဟွာ)

မန္တလေး၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

ရတနာပုံတက္ကသိုလ်၊ စက်မှုဇုန်၊ မင်္ဂလာ မန္တလေး စသည်တို့နှင့် နီးကပ်ပြီး ရန်ကုန် – မန္တလေး အမြန်လမ်းဘေးတွင် တည်ဆောက်မည့် လူလတ်တန်းစားများအတွက် ပထမဆုံးသော တန်ဖိုးသင့် အိမ်ယာကို ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၇ း ၃၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အကြီးအကဲများ ဦးစီးလျက် ပန္နက်တင် အုတ်မြစ်ချ အခမ်းအနားကျင်းပမည်ဖြစ်ကြောင်း သိရသည်။

“တန်ဖိုးနည်းအိမ်ယာတွေ အဆင့်မြင့်အိမ်ယာတွေက မန္တလေးမှာ ရှိနေပြီး middle class အတွက် တန်ဖိုးသင့် အိမ်ခန်းတွေ လိုအပ်မှုကို ဖြည့်ဆည်းရင်း မန္တလေးမြို့ရဲ့ ဂုဏ်ကို တစ်ဖက်တစ်လမ်းက မြှင့်တင်နိုင်ဖို့ ဒီ ခေတ်နဲ့ လျော်ညီတဲ့ နေထိုင်မှု ပုံစံသစ်ကို ဖော်ဆောင်နိုင်မယ့် Garden City Apartment Complex ကို တည်ဆောက်တာပါ” ဟု အဆိုပါ တန်ဖိုးသင့် အိမ်ယာ တည်ဆောက်မည့် Mandalay Garden City Construction Co., Ltd. ၏ ဒါရိုက်တာ ဦးဇင်မင်းဆွေက ဆင်ဟွာကို ပြောသည်။

တန်ဖိုးသင့်အိမ်ယာ ပုံစံငယ် အားတွေ့ရစဉ်(ဆင်ဟွာ)

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့မ ဥယျာဉ်လမ်း၊ တံခွန်တိုင်အဝိုင်းအနီး၊ MITC စီမံကိန်းဝင်း အတွင်း၊ ၅ ဒသမ ၅၃၃ ဧက ပေါ်တွင် တည်ဆောက်မည့် Garden City Apartment Complex တွင် မြေအောက်ထပ်နှင့် မြေပေါ် ကိုးထပ်ပါ အဆောက်အအုံ ၁၅ လုံး၌ ဓာတ်လှေကား ၄၅ စင်း၊ အခန်း စုစုပေါင်း ၆၉၀ ခန်း အပြင် City Mart အပါအဝင် Convenience စတိုးဆိုင်များ၊ ကလေးကစားကွင်း၊ ပန်းခြံ၊ အားကစား ခန်းမ၊ စားသောက်ဆိုင်တန်းနှင့် အခြေခံ အဆောက်အအုံများ ပါဝင်မည် ဖြစ် ကြောင်း၊ အခန်းတိုင်းတွင် အမှိုက်စွန့်ပစ်ရန် Duct Chute စနစ်၊ ၂၄ နာရီ ရေ၊ လျှပ်စစ်မီးနှင့် လုံခြုံရေး စနစ်များ ပါရှိကြောင်း၊ တည်ဆောက်ရေးကာလမှာ ပန္နက်တင်နေ့မှ ၂၀၁၉ ဇူလိုင်လအထိ ၁၈ လ ဖြစ် ကြောင်းလည်း ၎င်းက ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းပွဲတွင် ပြောကြားသည်။

အဆိုပါ တန်ဖိုးသင့် အိမ်ယာကို New Starlight Group of Companies ၏ ကုမ္ပဏီတစ်ခုဖြစ်သည့် Mandalay Garden City Construction Co., Ltd. က ကျပ် ၃၉ ဘီလျံ မတည်ပြီး တည်ဆောက်ခြင်း ဖြစ်ကြောင်း၊ အိပ်ခန်းနှစ်ခန်းပါ ၆၀၅ စတုရန်းပေ အကျယ်ရှိ အခန်းကို ၄၇၈ သိန်းခွဲ၊ နှစ်နှစ် အရစ်ကျ အတိုးမဲ့ ငွေချေစနစ်ဖြင့်ဆိုလျှင် ၅၆၃ သိန်း ဖြင့်လည်းကောင်း၊ ပထမထပ်မှ စတုတ္ထထပ် အထိ တစ်ဈေး၊ ပဉ္စမထပ်မှ အဌမထပ် (ကိုးလွှာ) အထိ တစ်ဈေး ရောင်းချသွားမည်ဖြစ်ကြောင်း၊ လက်ရှိ နိုင်ငံ့ဝန်ထမ်းများအား ရောင်းဈေးကို ငါးရာခိုင်နှုန်းလျှော့ချပေးမည်ဖြစ်ကြောင်းနှင့် နှစ်ရှည် ငွေပေး ချေမှု စနစ်( ငါးနှစ်၊ ၁၀ နှစ် စသည် )ဖြင့် ဝယ်ယူလိုသူများအတွက် KBZ, Aya, Shwe, MAB, CB ဘဏ်များနှင့် ချိတ်ဆက် စီစဉ်ပေးမည် ဖြစ်ကြောင်း၊ ၀၉၄၃၁၄၈၅၇၇၊ ၀၉၄၃၁၄၈၅၈၈၊ ၀၉၂၂၂၂၂၂၂ ဖုန်းများသို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.