Connect with us

Social

ထိုင်းနိုင်ငံမှရွှေ့ပြောင်းမြန်မာအလုပ်သမား ၃၆,၀၀၀ကျော် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိ

နေရပ်ပြန်ရွှေ့ပြောင်းလုပ်သားများအား အကူအညီများပေးနေစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံမှရွှေ့ပြောင်းမြန်မာအလုပ်သမားများ ပြန်လည်ဝင်ရောက်လျက်ရှိရာ ဇွန် ၂၉ရက်နေ့မှ ယနေ့အထိ မြဝတီနယ်စပ်ဂိတ်မှ ၃၁,၆၃၇ ဦး၊ ဘုရားသုံးဆူနယ်စပ်ဂိတ်မှ ၄,၅၆၀ ဦး၊ စုစုပေါင်း ၃၆,၁၉၇ ဦးဝင် ရောက်ခဲ့ကြောင်း တပ်မတော်သတင်းထုတ်ပြန်ရေးမှ ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ပြန်လည်ရောက်ရှိလာသူများထဲမှ ၃၁,၇၉၆ ဦးသည်၎င်းတို့၏အစီအစဉ်ဖြင့် နေရပ်အသီးသီးသို့ထွက်ခွာသွားပြီး ၄,၄၀၁ ဦးအား နယ်မြေခံတပ်မတော်သားများ၊ လူမှုအဖွဲ့အစည်းများ၊ဌာနဆိုင်ရာများပူးပေါင်း၍ မော်တော်ယာဉ်များ စီစဉ် ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် သက်ဆိုင်ရာနေရပ်များသို့စနစ်တကျရောက်ရှိရေး စီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇူလိုင် ၁၃ ရက် ညနေ ၃ နာရီမှ ယနေ့ညနေ ၃ နာရီအထိ မြဝတီနှင့် ဘုရားသုံးဆူနယ်စပ်ဂိတ်အသီးသီးမှ ဝင်ရောက်လာသူ ၂၃၈ ဦးရှိသည့်အနက် ၁၇၉ ဦးမှာ ၎င်းတို့အစီအစဉ်ဖြင့် နေရပ်ပြန်သွားခဲ့ပြီး နေရပ်ပြန်ရန် အခက်အခဲရှိသည့် ၅၉ ဦးတို့အား မြဝတီခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘုရားသုံးဆူမြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ စီစဉ်ပေးသည့် မော်တော်ယာဉ်သုံးစီးဖြင့် အခမဲ့ပို့ဆောင်ပေးခဲ့ကာ စားသောက်ဖွယ်ရာများစီစဉ်ပေးပြီး ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.