Connect with us

Social

အခြေခံ လူတန်းစား ၊ အိုးပိုင်အိမ်ပိုင် မရှိသူများနှင့် ကျူးကျော်နေထိုင်သူများ အတွက် လစဉ် ဌားရမ်းခ ငွေကျပ် သုံးသောင်းနှုန်းဖြင့် အဌားအိမ်ရာ လျှောက်ထား နိုင်ပြီ

မန္တလေး အောင်မြေသာစံမြို့နယ် ဧရာဝတီမြစ်ကမ်းအနီး မြို့ပတ် လမ်းနှင့် တာရိုးဟောင်းအကြားတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အငှားအိမ်ရာ စီမံကိန်းအား တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ထောင်စုလူဦးရေ သန်းခေါင် စာရင်း ရှိပြီး အိုးပိုင်အိမ်ပိုင် မရှိသူများအတွက် ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမှတ်(၂)လမ်းမကြီးနှင့် မဟာဗန္ဓုလ လမ်းထောင့်ရှိ မဟာဗန္ဓုလအငှားအိမ်ရာ၌ လစဉ် ဌားရမ်းခ ၃၀၀၀၀ ကျပ်ဖြင့် ဌားရမ်း နေထိုင်နိုင်ရေးအတွက် ဖေဖော်ဝါရီ ၁ ရက်မှ ၁၅ ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး သို့ လျှောက်ထားနိုင်ကြောင်း သိရသည်။

ထိုအငှားအိမ်ရာအား လျှောက်ထားလိုသူများသည် လျှောက်လွှာနှင့်အတူ မြေကွက်၊ နေအိမ်ခန်း ပိုင်ဆိုင်မှု မရှိကြောင်း ကိုယ်တိုင်ခံဝန်ချက်၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားမိတ္တူ၊ အိမ်ထောင်စု လူဦးရေသန်းခေါင်စာရင်း မိတ္တူ၊ မြေကွက် နေ အိမ်ခန်း ပိုင်ဆိုင်မှု မရှိကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ် ချုပ် ရေးမှူး၏ ထောက်ခံချက်များ ပူးတွဲထည့်သွင်းလျှောက်ထားရ မည်ဖြစ်ပြီး နိုင်ငံ့ ဝန်ထမ်းဖြစ်ပါက မြေလွတ်၊ နေအိမ်ခန်း ပိုင်ဆိုင်မှုမရှိကြောင်း ဌာနဆိုင်ရာ အကြီးအကဲ၏ ထောက်ခံချက်ပါဝင်ရမည်ဖြစ်ပြီး ယင်းအချက် အလက်နှင့် ကိုက်ညီမှု ရှိသူတိုင်း လျှောက်ထားနိုင်ကြောင်း သိရသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမှတ်(၂)လမ်းမကြီးနှင့် မဟာဗန္ဓုလ လမ်းထောင့်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မဟာဗန္ဓုလ အငှားအိမ်ရာ စီမံကိန်းအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ယခုအခါတွင် အိမ်ဌားလျှောက်လွှာခေါ်ယူလျက်ရှိသည့် ရေ၊မီး အစုံအလင်နှင့် အခန်းပေါင်း ၁၂၀၀ ပါဝင်သည့် မဟာဗန္ဓုလအငှားအိမ်ရာ စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထိုအတူ မန္တလေး အောင်မြေသာစံမြို့နယ် ဧရာဝတီမြစ်ကမ်းအနီး မြို့ပတ် လမ်းနှင့် တာရိုးဟောင်းအကြားတွင် အငှားအိမ်ရာများ တည်ဆောက်လျက်ရှိပြီး ဧရာဝတီမြစ်ကမ်း တစ်လျှောက်တွင် နေထိုင်သည့် အခြေခံ လူတန်းစားများ နှင့် ကျူးကျော် တဲများတွင် နေထိုင်သော မိသားစု များကိုသာ အဓိကထား ငှားရမ်း နေရာချထားပေးသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီမှ သိရသည်။

ထို အငှားအိမ်ရာ စီမံကိန်းကို မြေဧက ၅.၅၃၇၉ ဧကပေါ်တွင် ၂ဝ၁၄ ခုနှစ် မတ်လပိုင်းက စတင် တည်ဆောက်ခဲ့ပြီး ယခုအချိန်တွင် တည်ဆောက်ရေး လုပ်ငန်းများ ၇ဝ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီး မကြာမီကာလအတွင်း ငှားရမ်းခ တစ်လလျှင် သုံးသောင်းကျပ်နှုန်းဖြင့် ဌားရမ်း နေထိုင်ခွင့် ပြုမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.