Connect with us

Social

သဘာဝဓာတ်ငွေ့ဆိုင်များတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖိအားမြင့် ကွန်ပရက်ဆာ  ၁၀၉ လုံးတပ်ဆင်ထား

စက်သုံးဆီဆိုင်တစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

သဘာဝဓာတ်ငွေ့ဆိုင်များတွင်  မော်တော် ယာဉ်များအား  သဘာဝဓာတ်ငွေ့ဖြည့်ဆည်းပေးရန် အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖိအားမြင့် ကွန်ပရက်ဆာ  ၁၀၉ လုံးတပ်ဆင်ထားရှိကြောင်း မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာန ကတာဝန်ရှိသူ တစ်ဦး မှ ဆင်ဟွာကို ပြောသည်။ 

အဆိုပါ  ၁၀၉ လုံးတွင်  ဖိအားမြင့်နှင့် လည်ပတ်နိုင်သည့်  ကွန်ပရက်ဆာ ၅၅ လုံး၊ အလယ်အလတ်ကွန်ပရက်ဆာနှင့် လည်ပတ်နိုင် သည့် ကွန်ပရက်ဆာ  ၁၂ လုံး၊ ဖိအားနိုမ့်နှင့် လည်ပတ်နိုင်သည့် ကွန်ပရက်ဆာ ၄၂ လုံးအပါအဝင် နိုင်ငံတကာအရည်အသွေးမီ ကွန်ပရက်ဆာများပါဝင်ကြောင်း သိရသည်။ နိုင်ငံတကာစံချိန် စံညွှန်များအရ ကွန်ပရက်ဆာတစ်လုံးကို ၁၄ နာရီ မောင်းပါက  သဘာဝဓာတ်ငွေ့ ၂၃ ဒသမ ၅၆ သန်း အများဆုံးထုတ်လွှတ်နိုင်ကြောင်း သိရသည်။ 

 သဘာဝဓာတ်ငွေ့လုပ်ငန်းမော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာန ကတာဝန်ရှိသူ မှ “ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ သဘာဝဓာတ်ငွေ့ဆိုင်ပေါင်း ၄၁ ဆိုင်ရှိပါတယ်။  တစ်နိုင်ငံလုံးမှာ သဘာဝဓာတ်ငွေ့ ဆိုင်အများဆုံးမြို့ပါ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ သဘာဝဓာတ်ငွေ့သုံးမော်တော်ယာဉ်အစီးရေပေါင်း ၂၆,၉၇၁ စီးရှိပါတယ်’’ ဟုပြောသည်။

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တွက် သဘာဝ ဓာတ်ငွေ့ဖြည့်ဆည်းပေးသည့်ဆိုင် နှစ်ဆိုင်ရှိပြီး ယာဉ်အစီးရေ ၇၄၂ စီးကို ဖြည့်ဆည်းပေး လျက်ရှိကြောင်း၊  မကွေးတိုင်းဒေသကြီး ချောက်မြို့တွင် သဘာဝ ဓာတ်ငွေ့ဆိုင်တစ်ဆိုင်ရှိပြီး ယာဉ် အစီးရေ ၃၃၅ စီးကို ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီး  ရေနံချောင်းမြို့တွင် သဘာဝဓာတ်ငွေ့ ဆိုင်နှစ်ဆိုင်ရှိပြီး  ယာဉ်အစီးရေ ၂၅၁ စီး ကို ဖြည့်ဆည်းပေးလျက်ရှိကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.