Connect with us

Social

ငွေကျပ် ၁၂၁၆ သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ အင်းတော်မြို့နယ်၌ ဖမ်းဆီးရမိ

ရန်ကုန် ၊ ဇွန် ၅ ရက်(ဆင်ဟွာ)

အင်းတော်မြို့နယ်၊ ရွှေဘို – မြစ်ကြီးနား ကားလမ်း၊ ပင့်တင်ကျေးရွာအနီး မောင်းနှင်လာသည့် မော်တော်ယာဉ် အား ရှာဖွေ စစ်ဆေးခဲ့ရာ ငွေကျပ် ၁၂၁၆ သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်ခဲ့သည်။

ရွှေဘို – မြစ်ကြီးနား ကားလမ်း၊ ပင့်တင်ကျေးရွာအနီးတွင် မောင်းနှင်လာသည့် မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးစဉ် မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ မိုင်တိုင်အမှတ် ၁၃၉(၅/၆)တွင် တိမ်းမှောက်လျှက်ရှိသည့် မော်တော်ယာဉ်နှင့်အတူ ယာဉ်မောင်း ဖြစ်သူအား တွေ့ရှိရပြီး မော်တော်ယာဉ်အား ဆက်လက်ရှာဖွေရာ ယာဉ်၏ဆီတိုင်ကီနှင့် တံခါးပိတ်များအတွင်းမှ ဘိန်းဖြူ ဆပ်ပြာခွက် ၂၁၉ ခွက်၊ အလေးချိန် ၂ ဒသမ ၄၀၉ ကီလို နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၉၅ သိန်းပြားတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ထိုကြောင့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ ယာဉ်မောင်း ဖြစ်သူအား အရေးယူ ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.