Connect with us

Social

အစိုးရသစ် လက်ထက် အလုပ်သမား ၂ သိန်းကျော်အား ဥပဒေပါ အကျိုးခံစားခွင့် ရရှိစေရေး မြေပြင် ကွင်းဆင်း၍ စစ်ဆေး ဆောင်ရွက်ခဲ့

အထည်ချုပ် စက်ရုံတစ်ရုံတွင် လုပ်ကိုင်နေသော အလုပ်သမားများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၁၂ ရက်(ဆင်ဟွာ)

အစိုးရသစ် လက်ထက် ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်ထိ ဥပဒေနှင့် အကျုံးဝင်သည့် စက်ရုံ ၊ အလုပ်ရုံ ၊ ဆိုင်နှင့် အလုပ်ဌာနတို့ရှိ အလုပ်သမား ၂၃၂,၃၆၆ ဦးတို့ကို မြေပြင် ကွင်းဆင်း စစ်ဆေး၍ ဥပဒေပါ ပြဌာန်းချက်များနှင့် အညီ အကျိုးခံစားခွင့် ရရှိရေး ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး နှင့် ကျန်းမာရေး အတွက် စစ်ဆေး ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း အလုပ်သမား ၊ လူဝင်မူ ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

အလုပ်သမား ရပိုင်ခွင့် နှင့် ငွေကြေး အကျိုး ခံစားခွင့်များ အနေဖြင့် အလုပ်ရုံ ၁၇၉၉ ရုံမှ အလုပ်သမား ၁၇၇၅၉၃ ဦးကို မြန်မာကျပ်ငွေ ၃၇၅၄.၇၀ သန်း ၊ အလုပ်ရုံ ၃ ရုံမှ အလုပ်သမား ၄၀ ဦးကို အမေရိကန် ဒေါ်လာ ၁၁၀၂ ဒေါ်လာ ခံစား ရရှိစေခဲ့ပြီး စက်ရုံ ၊ အလုပ်ရုံ ၂၃၀၅၇ ရုံမှ အလုပ်သမားများကို အချိန်ပို နာရီ ၄၈.၅၂ သန်း လုပ်ကိုင် ခွင့်ပြုခဲ့ရာ အမှန်တကယ် အချိန်ပို လုပ်ကိုင်ခဲ့သော အလုပ်သမား ၄၁၀၄၇၆ ဦးအတွက် အချိန်ပို နာရီ ၁၈.၁၃ သန်း လုပ်ကိုင် စေမှုကြောင့် အချိန်ပို လုပ်ခ ငွေကျပ် ၁၆၃၅၅.၇၄ သန်း တို့ကို ရရှိ ခံစားနိုင်စေရန် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့အတူ အလုပ်သမား ရေးရာ အမှုများ အတွက် ဧပြီလမှ ဇူလိုင်လထိ ယခင်နှစ် လက်ကျန် အမှု အပါအဝင် ၅၃ မှု တရားစွဲဆိုခဲ့ပြီး ၃၈ မှု ပြီးစီးခဲ့ရာ ယင်းအမှုများမှ အလုပ်သမားများ အတွက် ခံစားခွင့် ငွေကျပ် ၁၉,၃၆၃,၇၅၀ ခံစား ရရှိစေခဲ့ပြီး နိုင်ငံတော် ဘဏ္ဍာသို့ဒဏ်ကြေးငွေကျပ် ၅၇,၆၅၈,၄၀၀ ပေးဆောင် စေနိုင်ခဲ့ကြောင်း သိရသည်။
အလုပ်သမား ၊ လူဝင်မူ ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသည် ဥပဒေ နှင့် အကျုံးဝင်သည့် စက်ရုံ အလုပ်ရုံများ အနက်မှ ၄၈၉၈ ရုံရှိ အလုပ်သမား ၂၀၅၈၉၀ ဦးနှင့် ဆိုင်နှင့် အလုပ်ဌာန ၄၃၆၇ ဌာနရှိ အလုပ်သမား ၂၆၄၇၆ ဦးတို့ကို မြေပြင် ကွင်းဆင်း စစ်ဆေး၍ ခွင့်ရက် နှင့် အလုပ်ပိတ်ရက် ခွင့်ပြုရေး ၊ လုပ်ခ ၊ လစာငွေ ပေးချေရေး ၊ အလုပ်ချိန် နှင့် အချိန်ပို ခွင့်ပြုရေး နှင့် သတ်မှတ် မှတ်တမ်းများ ထားရှိရေး တို့ကို စစ်ဆေး လိုက်နာ ဆောင်ရွက်စေခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.