Connect with us

Social

အထပ်မြင့်အမြန်လမ်းမကြီးအား အမေရိကန်ဒေါ်လာ သန်း ၆၂ဝ ခန့် ကုန်ကျခံတည်ဆောက်မည်

အထပ်မြင့် အမြန်လမ်းမကြီး (Elevated Highway) တည်ဆောက်ရာပြမြေပုံ(ဓာတ်ပုံ-ဆောက်လုပ်ရေးဝန်ကြီးဌာန)

ရန်ကုန်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းမှ ဟံသာဝတီ လေဆိပ်(ပဲခူး)အထိ ဖောက်လုပ်ရန် လျာထားသော အထပ်မြင့် အမြန်လမ်းမကြီးအား အမေရိကန်ဒေါ်လာ သန်း ၆၂ဝ ခန့် ကုန်ကျခံတည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ စီမံကိန်းကို ဗိုလ်ချုပ်အောင်ဆန်းလမ်း ရေကျော်လမ်းဆုံ အလွန်မှ မင်္ဂလာဒုံ ဥယျာဉ် စက်မှုမြို့အထိ ၂ဝ ဒသမ ၅ ကီလို မီတာ အရှည်ရှိသော လေးလမ်းသွား တံတား ပထမအဆင့် အဖြစ် တည်ဆောက်ပြီး ဒုတိယ အဆင့်အဖြစ် အပြည်ပြည် ဆိုင်ရာ ဟံသာဝတီ လေဆိပ်(ပဲခူး)အထိ ဆက်သွယ်ဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။

ယင်းစီမံကိန်း တည်ဆောက်ရေး ကာလကို ငါးနှစ်အဆိုပြု တင်ပြထားသော်လည်း ခွင့်ပြုချက်ရရှိပါက စီမံကိန်းလုပ်ငန်းခွင် အပိုင်းသုံးပိုင်းအား တစ်ပြိုင်တည်း တည်ဆောက်သွားမည်ဖြစ်သည်။

အထပ်မြင့်အမြန်လမ်းမကြီး စီမံကိန်းသည် နိုင်ငံတော် အစိုးရနှင့် ကိုရီးယားနိုင်ငံ ပုဂ္ဂလိက ကုမ္ပဏီကြီးများ၊ ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းကုမ္ပဏီများ အကျိုးတူ ပူးပေါင်းသည့် Public Private Partnership (PPP) စနစ်ဖြင့် ပူးတွဲ ဆောင်ရွက်မည့် အစီအစဉ်ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.