Connect with us

Social

အရှေ့တိုင်းဘာသာစကား နှင့် စီးပွားရေး စင်တာ တည်ထောင်ခြင်း (၁၅) နှစ်ပြည့် နှင့် ကွန်ဖြူးရှပ် စာသင်ကျောင်း ဖွင့်လှစ်ခြင်း (၃) နှစ်ပြည့် အခမ်းအနား ကျင်းပ

အရှေ့တိုင်းဘာသာစကား နှင့် စီးပွားရေး စင်တာ ဒါရိုက်တာ ကျန်းယွမ်းရှမ်း မှ မိန့်ခွန်း ပြောကြား နေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ)

အရှေ့တိုင်းဘာသာစကား နှင့် စီးပွားရေး စင်တာ တည်ထောင်ခြင်း (၁၅) နှစ်ပြည့် နှင့် ကွန်ဖြူးရှပ် စာသင်ကျောင်း ဖွင့်လှစ်ခြင်း (၃) နှစ်ပြည့် အခမ်းအနား ကို ဇန်နဝါရီလ ၇ ရက်တွင် ရန်ကုန်မြို့ရှိ လှိုင်မင်္ဂလာ ခန်းမ တွင် ကျင်းပ ပြုလုပ် ခဲ့ပါသည်။

အခမ်းအနားသို့ မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံမှူးကြီး မစ္စတာ ချန်းချန် ၊ မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ ယဉ်ကျေးမှု သံမှူး ထျန်ဆန်ထျင် ၊ သံရုံး တာဝန်ရှိသူများ ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ ယဉ်ကျေးမှု သံမှူး ထျန်ဆန်ထျင် မှ မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ယူနန် ဆရာအတတ်သင် တက္ကသိုလ် အတွင်းရေးမှူး ယောင်ဝေ ( Rao Wei) မှ မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ကျောင်းသား မိဘ ကိုယ်စားလှယ် ရန်ယွမ်းလင် မှ မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

အရှေ့တိုင်းဘာသာစကား နှင့် စီးပွားရေး စင်တာ တည်ထောင်ခြင်း (၁၅) နှစ်ပြည့် နှင့် ကွန်ဖြူးရှပ် စာသင်ကျောင်း ဖွင့်လှစ်ခြင်း (၃) နှစ်ပြည့် အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

အခမ်းအနားတွင် အရှေ့တိုင်းဘာသာစကား နှင့် စီးပွာရေး စင်တာ ဒါရိုက်တာ ကျန်းယွမ်းရှမ်း က အဖွင့် အမှာစကား ပြောကြား ခဲ့ပြီး မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ ယဉ်ကျေးမှု သံမှူး ထျန်ဆန်ထျင် ၊ ယူနန် ဆရာအတတ်သင် တက္ကသိုလ် အတွင်းရေးမှူး ယောင်ဝေ ( Rao Wei) နှင့် ကျောင်းသား မိဘ ကိုယ်စားလှယ် ရန်ယွမ်းလင် တို့က အခမ်းအနား နှင့် ပတ်သက်၍ မိန့်ခွန်း ပြောကြား ခဲ့ကြသည်။

ထို့နောက်တွင် အရှေ့တိုင်းဘာသာစကား နှင့် စီးပွားရေး စင်တာ မှ ကျောင်းသားများ အနေဖြင့် အခမ်းအနား တက်ရောက်လာသည့် ဧည့်သည်တော်များကို အဆိုအက များဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက် ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.