Connect with us

Social

အာဇာနည်နေ့တွင် ရန်ကုန်နှင့် နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်များသို့လာရောက် လေ့လာသူများပြား

အာဇာနည်နေ့တွင် ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်သို့လာရောက် လေ့လာသူ များအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

၆၉ နှစ်မြောက် အာဇာနည်နေ့တွင် ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ပြည်တွင်း လေ့လာသူ ၂၅,၅၀၈ဦး နှင့် ပြည်ပမှ ၁၃ ဦး စုစုပေါင်း ၂၅,၅၂၁ ဦး လာရောက် ကြည့်ရှု လေ့လာခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။

ထို့အတူ နတ်မောက်မြို့ရှိ ဗိုလ်ချုပ်နေအိမ်ပြတိုက်သို့ ပြည်တွင်း လေ့လာသူ စုစုပေါင်း ၁၂,၉၅၇ ဦး လာရောက် လေ့လာ ကြည့်ရှု ခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၁၉ ရက်တွင် ကျရောက်သော ၆၉ နှစ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်း ပြတိုက် (ရန်ကုန်) နှင့် ဗိုလ်ချုပ် နေအိမ် ပြတိုက် (နတ်မောက်) တို့ကို နံနက် ၇ နာရီ မှ ညနေ ၅ နာရီ အထိ ဝင်ကြေးအခမဲ့ဖြင့် ဖွင့်လှစ် ပြသခဲ့ပြီး ဗိုလ်ချုပ်နေထိုင်လှုပ်ရှား သွားလာခဲ့သည့် အမှတ်တရ ရှားပါး ဓာတ်ပုံမှတ်တမ်းများ၊ အသုံးအဆောင်ပစ္စည်းများ၊ လက်ရေးမူများကို စိတ်ဝင်စားဖွယ် ခင်းကျင်း ပြသထားကြောင်း သိရသည်။
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း နေအိမ် ပြတိုက်များအား အများပြည်သူများ အခမဲ့ လေ့လာကြည့်ရှု နိုင်ရေးအတွက် အာဇာနည်နေ့ ဖြစ်သည့် ဇူလိုင်လ ၁၉ ရက်နေ့မှ ဇူလိုင်လ ၂၀၊ ၂၁ ရက်အထိ ရက် တိုးမြှင့် ခွင့်ပြုပြသမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.