Connect with us

Social

အင်းလေးကန်တွင် ပြေးဆွဲနေသည့် ကျန်ရှိစက်လှေ သြဂုတ်လတွင် လိုင်စင် ထပ်မံထုတ်ပေးမည်

အင်းလေးကန်တွင်းရှိစက်လှေများအားတွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

အင်းလေးကန် အတွင်း ပြေးဆွဲနေသည့် စက်လှေ အစင်းရေ ၁,ဝဝဝ ကျော်ရှိပြီး ဇွန်လ ၁ ရက်မှ ၁၅ ရက် အတွင်း စက်လှေ အစင်းရေ ၁,ဝဝဝ ခန့်ကို လိုင်စင်ထုတ်ပေး ခဲ့ရာ ယခုအခါ ကျန်ရှိနေသည့် စက်လှေများကို သြဂုတ်လတွင် လိုင်စင် ထပ်မံ ထုတ်ပေး သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန တောင်ကြီး ဌာနခွဲမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

အဆိုပါ စက်လှေမောင်းသူ ဦးရေ ၁,ဝဝဝ ကျော်ကို ဌာနလေးခု ပေါင်း၍ နိုင်ငံခြား ခရီးသွား ဧည့်သည်များနှင့် ပတ်သက်သည့် တစ်ဦးချင်း လိုက်နာရမည့် အသိပညာများ၊ စည်းကမ်းများကို သင်တန်းပို့ချ ခဲ့ပြီး ဧည့်သည်များအား ပို့ဆောင်ရာတွင် စနစ်တကျ ဖြစ်စေရန် လိုင်စင် ထုတ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အင်းလေးကန် ဒေသအတွင်း၌ နိုင်ငံခြား ခရီးသွား ဧည့်သည်များကို ပို့ဆောင်ပေး နေသည့် မော်တော်ယာဉ် အစီးရေ ၃ဝဝ ခန့်ရှိပြီး လိုင်စင် ထုတ်ပေးရန် ညှိနှိုင်းပြီးပါက သတ်မှတ် ထားသည့် စည်းကမ်းချက်များနှင့် ကိုက်ညီသော မော်တော်ယာဉ်များကို လိုင်စင် ထပ်မံ ထုတ်ပေး သွားမည် ဖြစ်ကြောင်း မြဝတီ သတင်းတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.