Connect with us

MYANMAR

မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ကူးစက်လူနာမတွေ့ရှိသေး၊ရောဂါမကူးစက်အောင် များစွာ သတိထားရန်လိုအပ်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရွှေဘိုဒေသခံများနှင့် တွေ့ဆုံစဉ်(အတိုင်ပင်ခံရုံး)

ရန်ကုန်၊ မတ်  ၁၂ ရက် (ဆင်ဟွာ)

COVID-19 ရောဂါသည် တစ်ကမ္ဘာလုံးကို ပျံ့နှံ့နေပြီး လက်ရှိချိန်ထိ မြန်မာနိုင်ငံ၌ ရောဂါဖြစ်ပွားသည့်လူနာကို သတ်သတ်မှတ်မှတ် မတွေ့ရှိသေးသော်လည်း ရောဂါမကူးစက်အောင်  များစွာ သတိထားရန်လိုအပ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် မတ် ၁၁ ရက်က ဒေသခံများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

 လက်ရှိ မြန်မာနိုင်ငံ၌ အဆိုပါ ရောဂါနှင့် ပတ်သတ်ပြီး စောင့်ကြည့်နေသည့် အနည်းငယ်သော လူနာများရှိကြောင်း  ၎င်းကဆိုသည်။” ဒီရောဂါကူးဖို့ အလွယ်ဆုံးနည်းက တစ်ယောက်ရဲ့ လက်ကနေ နောက်တစ်ယောက်ကိုပါပဲ။ ဒါကြောင့်မို့လို့ ပိုးသတ်ဆေးတွေကိုသုံးဖို့၊ လက်ကို သန့်စင်စေတဲ့ ပိုးသတ်ဆေးများသုံးဖို့၊ နောက်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် လက်ဆွဲနှုတ်ဆက်တာ တွေကို ရှောင်ကြဉ်ဖို့ပြောပါတယ်”ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရောဂါကူးစက်မူပုံစံကို ဒေသခံများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 ရောဂါနှင့်ပတ်သတ်ပြီး ပြည်သူများအား သတိထားရန်နှင့် ပေါပေါ့ဆဆမနေရန် သတိပေးခဲ့ကြောင်း သိရသည်။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မတ် ၁၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒီပဲယင်းမြို့နှင့် ရွှေဘိုမြို့တို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံမှုပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)