Connect with us

Social

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးရေးချေးငွေအပေါ် ၅ ရာခိုင်နှုန်းဖြင့် သတ်မှတ်ကောက်ခံသွားမည်

ကောက်စိုက်နေသည့် တောင်သူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း တောင်သူလယ်သမားများ ၏ စိုက်ပျိုးရေးအတွက် ချေးငွေအပေါ် အတိုးနှုန်းတစ်နှစ်လျှင် ၅ရာခိုင်နှုန်းဖြင့် သတ်မှတ်ကောက်ခံသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဝင်းထိုက်က ဆင်ဟွာသို့ နိုဝင်ဘာ ၁၁ ရက်တွင်ပြောကြားသည်။

“ဗဟိုဘဏ်က အတိုးနှုန်း အပ်ငွေပေါ်မှာ ၅ ရာခိုင်နှုန်း၊ ချေးငွေပေါ်မှာ ၁၀ ရာခိုင်နှုန်းသတ်မှတ်တယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ လယ်သမားတွေကို သက်သာစေဖို့အတွက်ချေးငွေပေါ်မှာ ၅ ရာခိုင်နှုန်းနဲ့ ပဲချေးပေးတာပါ။ဗဟိုဘဏ်က အတိုးနှုန်းလျှော့လိုက်လို့ တောင်သူတွေကို ချေးတဲ့အတိုးနှုန်း က အရင်နှစ်တွေထက်တော့လျော့သွားပါတယ်’’ ဟု၎င်းကဆိုသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် တောင်သူလယ်သမားများ၏ စိုက်ပျိုးစရိတ်လိုအပ်ချက်အား ဖြည့်ဆည်းနိုင်ရန် စီမံကိန်းဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် လုပ်ကွက်ငယ်တောင်သူ များသို့ စိုက်ပျိုးစရိတ်ချေးငွေများအား နှစ်စဉ်ချေးပေးလျက်ရှိကြောင်း၊ သီးနှံအမျိုးအစားအလိုက် စပါးတစ်ဧကလျှင် ကျပ်၁၅၀,၀၀၀ နှုန်း၊ အခြားသီးနှံများနှင့် ချက်ကြံကို ၁ဧကလျှင် ကျပ်၁၀၀,၀၀၀ နှုန်းဖြင့် တောင်သူတစ်ဦးချင်းသည် ၎င်းတို့ပိုင်ဆိုင်သော လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) မူရင်းအား ဘဏ်သို့ အပေါင်ဖြင့်ပေးအပ်၍ ကိုယ်တိုင်အာမခံသောစနစ်ဖြင့် ထုတ်ချေးလျက်ရှိကြောင်း သိရသည်။

၂၀၂၀ပြည့်နှစ် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေအား ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ဒုတိယပတ်မှ စတင်ထုတ်ချေးမည်ဖြစ်ကြောင်း သိရသည်။ ဆောင်းချေးငွေအတွက် ထုတ်ချေးမည့်ကာလမှာ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ဒုတိယပတ်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ၊ မိုးကြိုချေးငွေအား ၂၀၂၁ခုနှစ် ဇန်နဝါရီလဆန်းမှ မတ် ၃၁ ရက်အထိ၊ မိုးချေးငွေအား ၂၀၂၁ ခုနှစ် မေလဆန်းမှ စက်တင်ဘာ ၃၀ ရက်အထိ အသီးသီး ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117