Connect with us

Social

တာဝန်သိ ပြည်သူများ သတင်းပေးပို့မှုကြောင့် Call center ဖွင့်လှစ်ခဲ့သည့် တစ်လအတွင်း လောင်းကစားနှင့် မူးယစ်ဆေးဝါးမှု ၉ မှု ဖမ်းဆီး ရမိဟုဆို

ဖုန်းသတင်း လက်ခံဌာန Call center အား တွေ့ရစဉ်(ဓာတ်ပုံ-ရဲဇာနည်)

ရန်ကုန် ၊ သြဂုတ် ၃ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှိ (၁၉၉) ဖုန်းသတင်းလက်ခံဌာန (Call center) စတင် ဖွင့်လှစ်ခဲ့သည့် ဇူလိုင် ၄ ရက်မှ သြဂုတ် ၂ ရက်ထိ တာဝန်သိပြည်သူများက ရဲတပ်ဖွဲ့အပေါ် ယုံကြည်မှုဖြင့်ပေးပို့ခဲ့သော သတင်းများအရ လောင်းကစားမှု ၈ မှုနှင့် မူးယစ်ဆေးဝါးမှု ၁ မှု တို့ကို ဖမ်းဆီး နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

ထိုသို့ ပေးပို့လာသည့် သတင်းများနှင့်ပတ်သက်၍ စိစစ်အတည်ပြုပြီး အချိန်နှင့် တစ်ပြေးညီ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် သတင်း ပေးပို့ လာသူ၏ အမည်၊ ဖုန်းနံပါတ်နှင့် အချက်အလက်များကို လုံခြုံစွာ ထိန်းသိမ်း ဆောင်ရွက်လျက် ရှိကြောင်း ၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် နစ်နာစေအောင် ရည်ရွယ်၍ မဟုတ်မမှန်
သတင်းပေးခြင်း မဟုတ်ဘဲ အမှန်တကယ် လောင်းကစားမှုနှင့် မူးယစ်ဆေးဝါးမှု
များကို တိကျသော သတင်းများ ပေးစေလိုကြောင်း သိရသည်။
တိုင်းဒေသကြီးအတွင် တရားဥပဒေ စိုးမိုးရေး ၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေး ရရှိစေရန် မှုခင်း လျော့နည်း ကျဆင်းအောင် ဆောင်ရွက်လျက် ရှိရာတွင် မှုခင်းဖြစ်ပွားမှု၏
အကြောင်း တစ်ရပ် ဖြစ်သည့် လောင်းကစားမှု၊ မူးယစ်ဆေးဝါးမှုများကို ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ အရှိန်အဟုန်မြှင့် စုံစမ်းဖမ်းဆီးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.