Connect with us

Sport

နိုင်ငံတကာ ဖိတ်ခေါ် မြားပစ်ပြိုင်ပွဲ ရန်ကုန်မြို့၌ ကျင်းပမည်

(၅) ကြိမ်မြောက် အရှေ့တောင်အာရှ တံခွန်စိုက်မြားပစ်ပြိုင်ပွဲမြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ ကျိုက္ကဆံမြားပစ်ကွင်း၌ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလတွင် နိုင်ငံတကာဖိတ်ခေါ် မြားပစ်ပြိုင်ပွဲကို ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် အရှေ့တောင်အာရှ နိုင်ငံများအပြင် အာရှနိုင်ငံများမှ မြားပစ်အားကစားသမားများက ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင် မြားပစ် အားကစားသမားများကလည်း ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး Recurve နှင့် Compound ပြိုင်ပွဲ အမျိုးအစားများပါဝင် မည်ဖြစ်သည်။

လက်ရှိတွင် ပဏာမ မြန်မာ့လက်ရွေးစင် မြားပစ်အားကစားသမားများကို စခန်းသွင်း လေ့ကျင့်ပေးလျက်ရှိပြီး ဖိတ်ခေါ်ပြိုင်ပွဲအပြီးတွင် ထိုင်းနိုင်ငံ၌ကျင်းပမည့် အာရှမြားပစ်ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်က အဆိုပါ ပြိုင်ပွဲကို (၂၉)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် အကြိုပြင်ဆင်မှု အဖြစ် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.