Connect with us

Sport

ရိုးမ- ရန်ကုန်မာရသွန် ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၈ဝဝဝ ကျော် ပါဝင်ယှဉ်ပြိုင်မည်

၂၀၁၆ ခုနှစ်တွင် ကျင်းပခဲ့သည့် ရိုးမ-ရန်ကုန် မာရသွန်ပြိုင်ပွဲမြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် ကျင်းပမည့် ရိုးမ-ရန်ကုန်အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းမှ စတင်တာထွက်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်အပြေးသမား ၈ဝဝဝ ကျော် ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် ကျင်းပသော ရိုးမ- ရန်ကုန် မာရသွန်ပြိုင်ပွဲတွင် အပြေးသမား ၆ဝဝဝ ခန့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အတွက် လက်ရှိတွင် စာရင်းပေး သွင်းမှုအရ ယခုပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၂ဝဝဝ ကျော်ခန့် မြင့်တက်လာခဲ့ကြောင်း သိရသည်။

၂ဝ၁၇ ခုနှစ် ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်စာရင်း ပေးသွင်း မှုကို ၂ဝ၁၆ ခုနှစ် စက်တင်ဘာလက စတင် လက်ခံခြင်းဖြစ်ပြီး အောက်တိုဘာလကုန် တွင် စာရင်းပိတ်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ၄၂ ကီလိုမီတာမာရ သွန်ပြိုင်ပွဲ၊ ၂၁ ကီလိုမီတာ တစ်ဝက် မာရသွန် ပြိုင်ပွဲ၊ စိန်ခေါ်မာရသွန် ၁ဝ ကီလိုမီတာ ပြိုင်ပွဲနှင့် အပျော်တမ်း ၃ ကီလိုမီတာ အပြေး ပြိုင်ပွဲနှင့် လမ်းလျှောက်ပြိုင်ပွဲများပါဝင် သည်။ ရိုးမ- ရန်ကုန် မာရသွန်ပြိုင်ပွဲကို ၂ဝ၁၃ ခုနှစ်ကစတင် ကျင်းပခြင်းဖြစ်ပြီး ယခု ကျင်းပမည့် ပြိုင်ပွဲသည် ငါးကြိမ်မြောက် ပြိုင်ပွဲဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.