Connect with us

Sport

မြန်မာဝူရှူးအဖွဲ့ ဆီးဂိမ်းပြိုင်ပွဲတွင် ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ် သုံးခု ဆွတ်ခူးရရှိ

ငွေတံဆိပ်ဆုရှင်အားတွေ့ရစဉ် (ဓာတ်ပုံ-- ကြေးမုံ)

ရန်ကုန်၊  ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) 

 

ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပနေသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးပြိုင်ပွဲ နောက်ဆုံးနေ့ဖြစ်သော ဒီဇင်ဘာလ ၃ ရက် တွင်မြန်မာဝူရှူးအဖွဲ့က ငွေတံဆိပ်တစ်ခု နှင့်ကြေးတံဆိပ်သုံးခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

မြန်မာဝူရှူးအဖွဲ့အတွက် ငွေတံဆိပ်ဆုကို ဆန်းဆို (အတိုက်)အမျိုးသမီး (၆၅) ကီလိုတန်းတွင် စုလှိုင်ဝင်း၊ ကြေးတံဆိပ်ဆုများကို ထောက်လုပြိုင်ပွဲ အမျိုးအစား အမျိုးသားနန်ချွမ်ပြိုင်ပွဲမှ သိန်းသန်းဦး၊ ဆန်းဆို အမျိုးသား(၆၅) ကီလိုတန်းတွင် ချစ်ကိုကို၊ အမျိုးသား(၄၈)ကီလိုတန်းတွင် အောင်မျိုးထွန်းတို့က ရရှိခဲ့သည်။

ငွေတံဆိပ်ဆုရှင်အားတွေ့ရစဉ် (ဓာတ်ပုံ– ကြေးမုံ)

မြန်မာဝူရှူးအဖွဲ့သည် ယခုနှစ်ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေဆုနှင့် လွဲချော် ခဲ့ပြီး ငွေ၊ ကြေးဆုတံဆိပ်များဖြင့်သာ ကျေနပ်ခဲ့ရသည်။ မြန်မာဝူရှူးအဖွဲ့သည်ယခုနှစ်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ထောက်လုကစားသမားငါးဦး၊ ဆန်းဆိုကစားသမား ခုနစ်ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာဝူရှူးအဖွဲ့အားသာသည့် စန္ဒီဦးနှင့် အေးသစ္စာမြင့်တို့၏ ပွဲစဉ်များပါဝင်လာခြင်းမရှိသောကြောင့် ဆုတံဆိပ်ရယူနိုင်ရန် ရုန်းကန်ခဲ့ရခြင်းဖြစ်သည်။

ဝူရှူးပြိုင်ပွဲကို ဒီဇင်ဘာ ၁ ရက်မှ ၃ ရက်အထိ ကျင်းပခဲ့ပြီး ဖိလစ်ပိုင်အသင်းက ရွှေခုနစ်ခု၊ ငွေနှစ်ခု၊ ကြေးနှစ်ခုဖြင့် နိုင်ငံအလိုက် ပထမနေရာရခဲ့ပြီး ဗီယက်နမ် အသင်းက ရွှေသုံးခု၊ ငွေနှစ်ခု၊ ကြေးခုနစ်ခု၊ အင်ဒိုနီးရှားအသင်းက ရွှေနှစ်ခု၊ ငွေငါးခု၊ ကြေးနှစ်ခု၊ မလေးရှားအသင်းက ရွှေနှစ်ခု၊ ငွေတစ်ခု၊ ကြေးတစ်ခု၊ ဘရူနိုင်းအသင်းက ရွှေတစ်ခု၊ ငွေသုံးခု၊ ကြေးနှစ်ခု၊ စင်ကာပူအသင်းက ရွှေတစ်ခု၊ ငွေတစ်ခု၊ မြန်မာအသင်းက ငွေတစ်ခု၊ ကြေးသုံးခု၊ ထိုင်းအသင်းက ငွေတစ်ခု၊ ကြေးနှစ်ခု၊ လာအိုအသင်းက ကြေးသုံးခု ရရှိခဲ့ကြောင်း ကြေးမုံသတင်းစာတွင် ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117