Connect with us

Sport

မြန်မာ့ရိုးရာခြင်းလုံး အားကစား ပြန့်ပွားရေး ရိုးရာ ဝိုင်းဖွဲ့ခြင်းလုံးခတ် ပြိုင်ပွဲ ကျင်းပ


ရန်ကုန် ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ)

မြန်မာ့ ရိုးရာခြင်းလုံး အားကစား ပြန့်ပွားရေး အတွက် ရည်ရွယ်၍ မြန်မာနိုင်ငံ ရိုးရာ ခြင်းလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား မိုးရာသီ တံခွန်စိုက် မြန်မာ့ ရိုးရာ ခြင်းလုံး ဝိုင်းဖွဲ့အမှတ်ခတ် ပြိုင်ပွဲအား ကျင်းပ ပြုလုပ်ရာ အသင်းပေါင်း ၃၈ သင်း ပါဝင် ယှဉ်ပြိုင် ခဲ့ကြောင်း မြန်မာနိုင်ငံ ရိုးရာ ခြင်းလုံး အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးလှဌေးက ဆင်ဟွာသို့ ယနေ့ ပြောကြား ခဲ့သည်။

“ရိုးရာခြင်း ပြန့်ပွားရေး ပြက္ခဒိန်နှစ်အလိုက် မိုးရာသီ တံခွန်စိုက် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား ပြိုင်ပွဲကို စတင် ကျင်းပ ခြင်း ဖြစ်ပါတယ်။ပြိုင်ပွဲမှာ အမျိုးသမီး ၄ ပေါက်တန်း ၊ အမျိုးသား ၄ ပေါက်တန်း ၊ အမျိုးသား ၆ ပေါက်တန်း ၊ အမျိုးသား ၁၀ ပေါက်တန်း တံခွန်စိုက် ပြိုင်ပွဲ ဆိုပြီး အမျိုးအစား ၄ မျိုးနဲ့ကျင်းပ ပေးထားပါတယ်။အသင်း စုစုပေါင်း ၃၈ သင်း ပါဝင်ပြီး မြန်မာနိုင်ငံ ရိုးရာ ခြင်းလုံး အဖွဲ့ချုပ် စပြီး တာဝန် ပေးပြီးတော့ လုပ်ခဲ့သမျှ ပြိုင်ပွဲ တွေထဲမှာ ဒီပြိုင်ပွဲက အသင်း အများဆုံး ဝင်ရောက် ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ဒီပြိုင်ပွဲက ပထမဆုံး လုပ်တဲ့ ပြိုင်ပွဲလဲ ဖြစ်ပါတယ်။”ဟု အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးလှဌေးက ပြောသည်။

မြန်မာ့ ရိုးရာ ခြင်းလုံး ဝိုင်းဖွဲ့အမှတ်ခတ် ပြိုင်ပွဲတွင် ယှဉ်ပြိုင်မှုများအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ့ ရိုးရာ ခြင်းလုံး ဝိုင်းဖွဲ့အမှတ်ခတ် ပြိုင်ပွဲတွင် ယှဉ်ပြိုင်မှုများအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ့ ရိုးရာ ခြင်းလုံး ဝိုင်းဖွဲ့အမှတ်ခတ် ပြိုင်ပွဲတွင် ယှဉ်ပြိုင်မှုများအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ ရိုးရာ ခြင်းလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား မိုးရာသီ တံခွန်စိုက် မြန်မာ့ ရိုးရာ ခြင်းလုံး ဝိုင်းဖွဲ့အမှတ်ခတ် ပြိုင်ပွဲအား ဇူလိုင် ၉ ရက်မှ ၁၄ ရက် အထိ ရန်ကုန်မြို့ရှိ အောင်ဆန်း အားကစား ပြိုင်ပွဲ(မိုးလုံလေလုံ ခန်းမ)၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် အမျိုးအစားများ အလိုက် အမျိုးသား တံခွန်စိုက် ၁၀ ပေါက်တန်း ဝိုင်းဖွဲ့ခြင်းလုံးခတ် ပြိုင်ပွဲတွင် ပထမဆု ၃၅ သိန်း ၊ ဒုတိယဆု သိန်း ၂၀ နှင့် တတိယဆု ၁၀ သိန်း တို့အား လည်းကောင်း ၊ အမျိုးသား ၆ ပေါက်တန်း ဝိုင်းဖွဲ့ခြင်းလုံးခတ် ပြိုင်ပွဲတွင် ပထမဆု ၁၀ သိန်း ၊ ဒုတိယဆု ၈ သိန်း နှင့် တတိယဆု ၆ သိန်း တို့အား လည်းကောင်း ၊ အမျိုးသား ၄ ပေါက်တန်း ဝိုင်းဖွဲ့ခြင်းလုံးခတ် ပြိုင်ပွဲတွင် ပထမဆု ၇ သိန်း ၊ ဒုတိယဆု ၅ သိန်း နှင့် တတိယဆု ၃ သိန်း တို့အား လည်းကောင်း ၊ အမျိုးသမီး ၄ ပေါက်တန်း ဝိုင်းဖွဲ့ခြင်းလုံးခတ် ပြိုင်ပွဲတွင် ပထမဆု ၇ သိန်း ၊ ဒုတိယဆု ၅ သိန်း နှင့် တတိယဆု ၃ သိန်း တို့အား လည်းကောင်း အသီးသီး ပေးအပ် ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရိုးရာ ခြင်းလုံး အဖွဲ့ချုပ် အနေဖြင့် ရိုးရာခြင်းလုံး အားကစား ပြန့်ပွားရေး အတွက် လာမည့်နှစ် ကုန်ပိုင်းတွင် ပညာ ရေး ဝန်ကြီးဌာန နှင့် ပူးပေါင်း၍ ကျောင်းပေါင်းစုံ ရိုးရာခြင်းလုံးခတ် ပြိုင်ပွဲများအား လုပ်ဆောင်သွားမည့် အစီအစဉ် များလည်း ရှိကြောင်း သိရသည်။(Xinhua)