Connect with us

Sport

(၂၉) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ပထမဆုံး ရွှေတံဆိပ်ကို အမျိုးသားခြင်းလုံး အားကစားကရရှိ


ရန်ကုန် သြဂုတ် ၁၆ရက် (ဆင်ဟွာ)

၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ကို အမျိုးသားခြင်းလုံး အားကစားကရရှိခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသော ဆီးဂိမ်းပြိုင်ပွဲ အမျိုးသားခြင်းလုံးပြိုင်ပွဲတွင် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက ရွှေတံဆိပ်ရရှိခဲ့ကြောင်း သိရသည်။

အမျိုးသားခြင်းလုံး ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိသည့် မြန်မာကစားသမားများအားတွေ့ရစဉ် (ဓါတ်ပုံ-အားကစား နှင့် ကာယပညာ ဦးစီးဌာန )

အမျိုးသားခြင်းလုံး ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိသည့် မြန်မာကစားသမားများအားတွေ့ရစဉ် (ဓါတ်ပုံ-အားကစား နှင့် ကာယပညာ ဦးစီးဌာန )

အမျိုသားခြင်းလုံးပြိုင်ပွဲ တွင်မြန်မာအသင်းက ထိုင်းအသင်းကို အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ပြီး (၁၄)မှတ် အသာဖြင့် အနိုင်ရရှိကာမြန်မာနိုင်ငံအတွက်ပထမဆုံးရွှေတံဆိပ်ရယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။(Xinhua)