Connect with us

Sport

မြန်မာ အမျိုးသမီး ဒိုင်လူကြီး ဒေါ်သိန်းသိန်းအေး ယူ-၂ဝ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် တာဝန် ထမ်းဆောင်ရန် ထွက်ခွာ

မြန်မာ အမျိုးသမီး ဒိုင်လူကြီး ဒေါ်သိန်းသိန်းအေးအားတွေ့ရစဉ် (ဓာတ်ပုံ -MFF)

ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

မြန်မာအမျိုးသမီး ကွင်းလယ်ဒိုင်လူကြီး ဒေါ်သိန်းသိန်းအေးသည် ပါပူအာနယူးဂီနီ နိုင်ငံ၌ကျင်းပမည့် ၂ဝ၁၆ ယူ-၂ဝ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ၌ တာဝန်ထမ်းဆောင်ရန် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) အသိအမှတ်ပြု အပြည်ပြည်ဆိုင်ရာ အမျိုးသမီး ကွင်းလယ် ဒိုင်လူကြီး ဒေါ်သိန်းသိန်းအေး သည် ယူ-၂ဝ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တာဝန် ထမ်းဆောင်ရန် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ဒိုင် လူကြီး ၁၆ ဦးအတွက် ရွေးချယ်ခံရခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲကို နိုဝင်ဘာ ၁၃ ရက်မှ ဒီဇင် ဘာ ၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ကွင်းလယ် ဒိုင်လူကြီး ၁၆ ဦး၊ စည်းကြပ်ဒိုင်လူကြီး ၂၇ ဦး တာဝန်ထမ်းဆောင်ခွင့် ရရှိမည်ဖြစ်သည်။

ကွင်းလယ်ဒိုင်လူကြီး ၁၆ ဦးတွင် အာရှနိုင်ငံများမှ သုံးဦးသာ ရွေးချယ်ခံရရာ ဒေါ်သိန်းသိန်းအေး ပါဝင်ခဲ့ပြီး တရုတ်နှင့်သြစတြေးလျ တို့မှ တစ်ဦးစီပါဝင်ခဲ့သည်။

ဒေါ်သိန်းသိန်းအေးသည် မြန်မာအမျိုး သမီးဒိုင်လောကတွင် ကမ္ဘာ့အဆင့်ပြိုင်ပွဲ၌ ပထမဆုံးအကြိမ် တာဝန်ထမ်းဆောင် ခွင့် ရသည့် ဒိုင်လူကြီးဖြစ်ပြီး ယခင်က အပြည်ပြည် ဆိုင်ရာ အမျိုးသမီး စည်းကြပ်ဒိုင်လူကြီး ဒေါ်ဘော့ဂျာသည် ၂ဝဝ၈ ပေကျင်းအိုလံ ပစ်ပြိုင်ပွဲတွင် အမြင့်ဆုံးတာဝန် ထမ်းဆောင်ခဲ့ဖူးသည်။

ဒေါ်သိန်းသိန်းအေးသည် မြန်မာ့ဒိုင်လူကြီး လောကအတွက် ဂုဏ်ယူစရာဖြစ်ခဲ့ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် က အောက်တိုဘာ ၂၁ ရက် တွင် ကျင်းပခဲ့သည့် MFFMNL Awards Night တွင် ဂုဏ်ပြုဆုချီးမြှင့် ခံခဲ့ရသည်။

ဒေါ်သိန်းသိန်းအေးသည် သြဂုတ် ၂၆ ရက်မှ စက်တင်ဘာ ၄ ရက်အထိ မန္တလေးမြို့၌ ကျင်းပခဲ့သည့် အာဆီယံအမျိုးသမီးပြိုင်ပွဲ ဗိုလ်လုပွဲတွင် တာဝန်ထမ်းဆောင်ခွင့် ရခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117